(၁)
''ဘာကိစ္စလဲ မောင်ရင်''
'ဒီလိုပါ ငရဲမင်း ကျနော်က လာအင်တာဗျူးတာပါ ဒီငရဲပြည်မှာ ဗုဒ္ဓကို မြင်ဖူးကြသူတွေရှိ
တယ်ဆိုလို့ ပါ''
''အေး ရှိတယ်လေ
အဲ့ဒါဘာဖြစ်လဲ''
''သူတို့  ဗုဒ္ဓကို ဘယ်လို မြင်သလဲသိချင်လို့ ပါ''
''ဘယ်လိုမြင်ရမလဲကွ
ဗုဒ္ဓလို့ ပဲမြင်တာပေါ့''
''ရှုထောင့် angleကွာရင်ကွာသလို အမြင်မတူဘူး
အနီးအဝေးကွာရင်အရောင်မတူဘူး
ဥပမာဗျာ ''၁''ကို ၉၀°လှည့်ရင် ''ဂ''ဖြစ်တယ်
၁၈၀°လှည့်ရင် ''င''ဖြစ်တယ်
၂၇၀°လှည့်ရင် ''ပ''ဖြစ်တယ်
ဗုဒ္ဓက ''၁''ဆိုပါစို့ 
ဂ လို့ မြင်သူရှိတယ်
င'လို့ မြင်သူရှိတယ်
ပ လို့ မြင်သူရှိတယ်လေဗျာ
''အနီးအဝေးကျတော့ရော''
တောင်ကို အဝေးကကြည့်တော့
ပြာတယ်
နီးတော့ စိမ်းတယ်
ထပ်နီးရင်
စိမ်းနေတဲ့သစ်ပင်နဲ့  မြေပြင်ကို ခွဲခြားမြင်ရတယ်
အရမ်းကပ်ကြည့်ရင်တော့
တောင်ရယ်လို့ သိတော့မှာ မဟုတ်ဘူး
မြေကြီးလို့ ပဲထင်နေမှာ''
''အေး ငါစိတ်ဝင်စားတယ်
မင်းဘယ်သူ့ ကို စဗျူးမလဲ''
''ဟိုပုဏ္ဏားမ မာဏ္ဍီ''
''ဥတေနမင်းရဲ့ မိဖုရား
သာမာဝတီကို မီးရှို့ သတ်တဲ့ တစ်ယောက်မဟုတ်လား''
''ဘယ်နှစ်ယောက်ရှိလို့ တုန်း''
''သေချာအောင်လို့ ပါကွာ
ဟေ့ငရဲထိန်းတစ်ယောက်
မာဂဏ္ဍီကိုသွားခေါ်ချေ''
(၂)
''အစ်မ က ဗုဒ္ဓကို မြင်ဖူးတယ်ဆို''
''မမြင်ဖူးဘူး''
''အရပ်က ခြောက်ပေလောက်ဗျာ
ဆံပင်က လက်နှစ်သစ်လောက်ရှိတယ်
သင်္ကန်းရုံတယ်လေဗျာ
နောက်လိုက်နောက်ပါ ရဟန်းတွေနဲ့ ''
''နင်ပြောတာ ရဟန်းကြီးဂေါတမ မဟုတ်လား''
''အဲ့ဒါဗုဒ္ဓပဲလေ''
''မသိဘူး ငါသိတာတော့ သူကငါ့ကို ချေသွားတာ... ငါ့ကိုများ အပုတ်ကောင်ရုပ်ဆောင်တယ်တဲ့
ဟိုဟာမ သာမာဝတီကလည်း
ဘုရင်နဲ့ ငြားနေတာတောင် ဒီကတုံးကို စိတ်ဝင်စားနေသေးတယ်
သူ...
... ..''
မာဂဏ္ဍီ၏မကျေမချမ်းပြောသံများကို ကျနော်မကြားတော့
ဒီမိန်းမဟာ ဗုဒ္ဓကို မျက်စိဖြင့်မြင်ဖူးသော်လည်း
နှလုံးသားသဒ္ဓါဖြင့် မမြင်ဖူးခဲ့
ထို့ ကြောင့် ဥာဏ်ပညာဖြင့်လည်း မမြင်နိုင်ခဲ့ပေ
(၃)
''ကျနော်ကောသလနဲ့ လည်း ဆုံချင်တယ်
ကောသလကို ဆင့်ခေါ်ပေးပါ''
ခဏကြာတော့
''ငါကောသလပဲ''
ဝဖိုင့်ဖိုင့်ပုဂ္ဂိုလ်ကြီးက ကျနော့်ကို မိတ်ဆက်သည်
''ဗုဒ္ဓကိုသိလား''
''သိဒ္ဓတ္ထမင်းသားလား
သူ့ အဖေက ငါ့လက်အောက်ခံလေကွာ
ကပိလဝတ်ဆိုတာ ရာဇဂြိုလ်ရဲ့ သြဇာခံပါကွာ''
''ကျနော်ပြောနေတာ ဗုဒ္ဓလေ''
''အေးအတူတူပဲလေ
မင်းပြောတဲ့ဗုဒ္ဓနဲ့ ငါပြောတဲ့ ခတ္ထိယ ဂေါတမအနွယ်ဆိုတာ အတူတူပဲလေ''
''ဗုဒ္ဓကို ကြည်ညိုလား''
''ငါကခင်တာကွ
နေ့ လည်နေ့ ခင်းဆို ဇေတဝန်မှာ တရေးတမောသွားအိပ်ဖြစ်သေးတယ်
သူ့ ညီတော် အာနန္ဒာဆို ငါ့ကို သိပ်မကြည်ဘူး
ငါကဖြင့်ခင်လို့ သွားလည်တဲ့ဟာကို ''
''ဗုဒ္ဓရယ်လို့ မမြင်ခဲ့ဘူးပေါ့
ကျနော်ကြားမိပါသေးတယ်
ခင်ဗျားမိဖုရားလေးက ခင်ဗျားကို သိပ်မချစ်လို့ ဆိုပြီး ဗုဒ္ဓကို အပူကပ်သေးတယ်ဆို''
ကောသလမင်းမှ ပြုံးဖြီးဖြီးကြီးလုပ်ပြီး
''သူက အကုန်သိတယ်လေကွာ
ငါ့ကိစ္စလေးများ ကူညီနိုင်မလားလို့  မေးကြည့်တာ''
ကျနော်ရယ်ချင်သွားမိသည်
ှ္ဒုဗုဒ္ဓရဲ့ သဗ္ဗညုတဥာဏ်ကပဲ သူ့ ကို မယားချစ်အောင် အကြံဥာဏ်ပေးရတော့မလိုလို
သူဗုဒ္ဓကို သိခဲ့သည် မြင်ခဲ့သည် ခင်ခဲ့သည်
သို့ သော် ဗုဒ္ဓဟု သိမြင်ခဲ့ခြင်းမဟုတ်
ရဟန်းဂေါတမကိုသာ ခင်ခဲ့ခြင်းဖြစ်သည်
ဗုဒ္ဓဟု မမြင်သဖြင့်လည်း ဓမ္မကို သူမခင်ခဲ့....
(၄)
''အရှင်ဘုရား က ဗုဒ္ဓကို ဘယ်လိုမြင်ပါသလဲဘုရား''
ရှင်သာရိပုတ္တရာဟာ တည်တည်ငြိမ်ငြိမ်ဖြင့်
''လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ပန်းချီကားကို သင်ဘယ်လိုမြင်သလဲ
ဒကာ''
ကျနော်မျက်လုံးပြူးသွားပြီး
''အရှင်ဘုရားက လီယိုနာဒိုဒါဗင်ချီကို သိတယ်လား''
''ဒီသာမညမေးခွန်းတွေမေးဖို့ ဆို အချိန်ကုန်တယ်ဒကာ
ရဟန်းပြောလိုသော အဓိပ္ပာယ်ကို သာမြင်အောင်ကြည့်ပါ
သဘောတရားကိုသာသိအောင် ဆင်ခြင်ပါ''
''တင်ပါ့ဘုရား
မိုနာလီဇာပန်းချီကားဟာ တပည့်တော်အတွက် သိပ်မထူးခြားလှပါဘုရား''
''ပန်းချီပညာအပေါ် ချစ်ခင်မြတ်နိုးမှု တန်ဖိုးထားမှု စိတ်ဝင်စားမှု စတဲ့ သဒ္ဓါအစုပိုင်းမှာ အားနည်းသလို
ပန်းချီပညာကိုလည်း ဆည်းပူးမှု လေ့လာမှုပညာကို သင်အားနည်းသ၍ မိုနာလီဇာပန်းချီကားဟာ
မိန်းမတစ်ယောက်ပုံဆိုတာထက် ဘာမှမထူးခြားပါဘူး
အများကသဲသဲလှုပ်နှစ်ခြိုက်သည့်တိုင် သင်ကတော့ နားလည်မှာမဟုတ်ဘူး
အများအထင်ကြီး အောင် မိုနာလီဇာပန်းချီကားက ကောင်းတယ် အဆင့်မြင့်တယ်
လှို့ ဝှက်တယ်လို့  အော်နေသည့်တိုင်
သင်နားမလည်ဘူး''
ကျနော် ရှင်သာရိပုတ္တရာဘာဆိုလိုတယ်ဆိုတာကို
နားလည်စပြုလာသည်
ဒီမှာ ဒကာ
ဘုရားဘုရားလို့  သင်ဘယ်လိုပဲ ရေရွတ်နေပါစေ သင်ဟာလွဲမှားသောပုံစံနဲ့ ယုံကြည်နေရင် ဒါကို ဥပါဒန်လို့  ခေါ်တယ်
သဒ္ဓါလို့ မမည်ဘူး
ဘုရားကို ဗုဒ္ဓလို့ မြင်နိုင်ဖို့  စစ်မှန်သောသဒ္ဓါလိုတယ်
စစ်မှန်သောပညာလိုတယ်''
''ရှင်းပါဦးဘုရား''
''မြစ်ကိုကူးဖို့ ရာ လှေလိုတယ်
လှေလိုတယ်လို့  အများကသိထားတယ်ဆိုပါစို့ 
လှေကို ဘယ်လို လိုပါသလဲဒကာ'
''လှော်ခက်ဖို့ ရာလိုပါတယ်ဘုရား''
''လှေကို မည်ကဲ့သို့  သဘောထားပြီး ကိုးစားယုံကြည်ရမှာလဲဒကာ''
''လှေခတ်ခြင်းဖြင့် တစ်ဖက်ကမ်းသို့  ရောက်စေနိုင်သော အထောက်အပံ့လို့  သဘောထားရမယ်ဘုရား''
''ဟုတ်ပြီဒကာ
အချို့ လူတွေဟာ လှေသည် မြစ်တစ်ဖက်ကမ်းသို့ 
ပို့ ပေးနိုင်သည်ဟုသိထားသည်
ဒီအထိအတွေးက မှန်သေး၏
သို့ သော် မည်သို့ မည်ပုံပို့  ပေးသည်ကို သူတို့ မသိ
ဒါကြောင့် စင်ဆောက်ပြီး ပူဇော်ပသကြသည်
တစ်ဖက်ကမ်း
သို့ ပို့ ပေးရန်ဆုတောင်းကြသည်
ထိုသူများသည် တစ်ဖက်ကမ်းသို့  ဘယ်တော့မှ မရောက်။
ကြားဖူးနားဝဖြင့် လှေကိုတန်ဖိုးထား သော်လည်း လှေ၏တန်ဖိုး အစစ်ကို နားလည်မည်လည်း မဟုတ်ပေ''
''သဘောပေါက်ပါပြီဘုရား
တပည့်တော်ဗုဒ္ဓကို မြင်ပါပြီဘုရား''
''မဟုတ်သေးဘူးဒကာ
သင်လည်းမမြင်သေးပါဘူး
ဗုဒ္ဓကို မြင်ချင်စိတ် အရင် ရှိပါစေ
ဒါဟာ သဒ္ဓါပါ
မြင်အောင်အားထုတ်ပါ
ဒါဟာဝီရိယပါ
မြင်အောင်ဆင်ခြင်ပါ
ဒါဟာ ပညာပါ
ရဟန်းဂေါတမကို မမြင်ဖူးသော်လည်း ဗုဒ္ဓကို မြင်ခွင့်ရှိပါတယ်
သစ္စာလေးပါးကို သိမြင်ခြင်းဟာ
ဗုဒ္ဓကို သိမြင်ခြင်းပါပဲ
ဗုဒ္ဓဟာ အထောက်အပံ့ပါ
သင်ကိုယ်တိုင် ကတော့ အားထုတ်လှော်ခတ်ပါ
အတ္တဟိအတ္တနောနာထော
မိမိကိုယ်ကို ယုံကြည်ကိုးစားပါ
ဧကောဓမ္မောဖြစ်သော သတိတရားကို လက်ကိုင်ထားပါ
သံသရာ တစ်ဖက်ကမ်းကို လွတ်မြောက်အောင် ကျင့်ကြံကြပါ''
ဗုဒ္ဓပြီးလျှင်
ပညာအရာမှာ အမြတ်ဆုံးသော
လကျာင်္ရံ အဂ္ဂသာဝကကြီး ရှင်သာရိပုတ္တရာကို ဦးချကန်တော့ပြီးပြန်ခဲ့ပါသည်
ပြန်ခါနီးမှာ
''ဟေ့ ဒကာ သံဃာကို
ဘုန်းကြီးမကွယ်စေနဲ့ ''
ဟူသော သတိပေးစကားကို မှတ်သားခဲ့ရင်း