ကင်ဆာရောဂါဆိုတာ အသံတိတ်လူသတ်သမားလို့ တင်စားခေါ်ဆိုရတဲ့အထိ လူ့အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံကလည်း ကင်ဆာရောဂါဖြစ်ပွားမှုများတဲ့ နိုင်ငံတွေစာရင်းထဲမှာ ပါဝင်တဲ့အတွက် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ လူနေမှုဘဝဆိုင်ရာနည်းလမ်းတချို့ကို တင်ပြလိုက်ပါတယ်။
၁။ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
သင့်အနေနဲ့ ကင်ဆာရောဂါကာကွယ်နိုင်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်၊ ခန္ဓာကိုယ်ကိုအထောက်အပံ့ပေးနိုင်တဲ့ဓာတ်ပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ အင်စူလင်ဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့နေရာမှာရှိပြီး အင်စူလင်ဓာတ်အနည်းအများဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သွေးတွင်းသကြားဓာတ်မျှတနေအောင် ထိန်းညှိပေးနိုင်မယ့် အစားအစာမျိုးကို ရွေးချယ်စားသင့်ပါတယ်။
၂။ အပတ်စဉ် လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက ကင်ဆာရောဂါကာကွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အပတ်စဉ် ၄၅ မိနစ်ကြာလေ့ကျင့်ခန်း ၅ ကြိမ်လောက်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အင်စူလင်ဓာတ်မျှတမှုကို ကောင်းမွန်စေမှာဖြစ်ပြီး အဝလွန်ခြင်းကိုလည်း ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။
၃။ အမျှင်ဓာတ်မြင့်မားစေတာတွေစားပါ။
အမျှင်ဓာတ်မြင့်မားစေတာကလည်း သင့်အတွက် အကျိုးရှိစေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်များပြားစွာပါဝင်တဲ့အသီးအရွက်တွေ၊ သစ်သီးတွေ၊ ပဲသီးတောင့်၊ အခွံမာသီးတွေနဲ့ အစေ့တွေကို စားပေးပါ။ ဒီအစားအစာတွေက သင့်ရဲ့ ခန္ဓာကိုယ်အတွင်း အမျှင်ဓာတ်ကို မြင့်မားစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၎။ ပရိုတိန်းဓာတ်လုံလောက်နေပါစေ။
ပရိုတိန်းဓာတ်လုံလောက်စွာစားသုံးခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို ကင်ဆာရောဂါဖြစ်ပွားနိုင်မှုလျှော့နည်းအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ငါးတွေ၊ ကြက်၊ ငှက်သားတွေ၊ ဥတွေ၊ အသားတွေနဲ့ ပဲသီးတောင့်တွေမှာ ပရိုတိန်းဓာတ်အများအပြားပါဝင်ပါတယ်။၅။ ကျန်းမာရေးနဲ့ညီတဲ့ကိုယ်အလေးချိန်ရအောင်ထိန်းသိမ်းနေထိုင်ပါ။ကျန်းမာရေးနဲ့ မညီတဲ့ကိုယ်အလေးချိန်ရှိခြင်းက သင့်ကို ကင်ဆာရောဂါဖြစ်ပွားစေဖို့ ရာခိုင်နှုန်းများစေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အလေးချိန်အတိုင်းပဲ ထိန်းသိမ်းနေထိုင်ပြုမူဆောင်ရွက်ပါ။ သင့်ကို အကျိုးဖြစ်စေပါလိမ့်မယ်။