ငယ်စဉ်အခါအကြောင်းတွေ
တွေးမိလေတိုင်း ပျော်တယ်
ကြည်နူးတယ် လွမ်းတက်လာတယ်
သတိရပါတယ် သူငယ်ချင်းများ
အားလုံးကတော့ အဝေးမှာ
ဟိုတုန်းက အချိန်လေးတွေ
နောက်တစ်ခါပြန်ရခဲ့မယ်ဆိုရင်
ဒီထက် အမှတ်တရကောင်းတွေကို
ဖန်တီးမိမယ်ထင်ပါတယ်
ပုံရိပ်ဟောင်းတွေက တွေးမိတိုင်း
တကယ့်ကို လွမ်းမောဖွယ်ကောင်းတယ်
အဲ့ဒီတုန်းက အခုလိုပြန်တွေးရမယ့်
အမှတ်တရအချိန်တွေဆိုတာကို
တကယ်မသိခဲ့ပါဘူး
အဲ့ဒီလိုသာ သိနေခဲ့ရင်လေ
သေချာပါတယ် အားလုံးကို
ပျော်ရွှင်မှုတွေပေးဆပ်မှာပါကွယ်
သူငယ်ချင်းတွေက အခုတော့
တစ်ယောက်တစ်နေရာစီမှာလေ
ဘယ်တော့မှပြန်မတွေ့တော့တဲ့
သူငယ်ချင်းတွေလဲရှီတယ်
ပြန်တွေ့မိတဲ့ သူတွေကတော့
အရင်လိုမဟုတ်တော့တာလဲရှိတယ်
ဘယ်အချိန်ဖြစ်ဖြစ်ပါ
ပြန်တွေ့ခွင့်ရတာလေးကိုဘဲ
ကံကိုကျေးဇူးတင်မိတယ်
ဘယ်တော့မှ ပြန်မဆုံတော့တဲ့
သူငယ်ချင်းကို ပြန်တွေ့ချင်ပေမယ့်
ဒါက တကယ်တမ်း ဖြစ်မလာတော့ဘူးလေ
အားလုံးကို ခွဲထားခဲ့ပြီလေ
သူငယ်ချင်းရယ် နင့်ကိုအားလုံး
သတိရနေမိပါတယ်နော်