#မြေခွေးရေးတဲ့စာ
ဆော့ကရေးတိစ်ရေ..
''ဒီမိုကရေစီဆိုတာ စောက်ရူးတွေနဲ့  မတန်ဘူး''လို့  ခင်ဗျားကို ပြောပြစေချင်ခဲ့တာ
အဲဒိစောက်ရူးတွေကို ပြောစေချင်ခဲ့တာ
ခင်ဗျားကတော့ ဒီမိုကရေစီအတွက်
အဆိပ်တောင် သောက်သွားသေးတယ်
အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို အမှိုက်တွေလို ကျနော်မြင်နေရတယ်
ဆေးလိပ်မသောက်ရဆိုတဲ့ တားမြစ်မှုတွေကြားမှာ
မီးခိုးငွေ့ တွေလို မွန်းကြပ်လာတယ်
အဲ့လိုအလိုက်ကန်းဆိုး
မသိသူတွေအတွက်
သောက်စည်းကမ်းတွေ ထုတ်နေရတယ်
ရွေးချယ်ခွင့်မရှိဘဲ
ဖြစ်တည်နေရတဲ့ လူမျိုးတွေ
မိရိုးဖလာကို ဆက်ခံရင်း
ပိုက်မိလျက်သားဖြစ်နေတဲ့
ဘာသာတရားတွေ
လူဆိုတဲ့အခွံကိုမခြုံ နိုင်ငံသားဆိုတဲ့
အခွံကိုမခြုံပဲ
ဗမာဖြစ်ရလို့  ဂုဏ်ယူသတဲ့
ရှမ်းဖြစ်လို့ ဂုဏ်ယူသတဲ့
ပိဿာလေး ဘေးပစ်သလို
ကျန်လူမျိုးတွေ
ခွေးဖြစ်မယ့်စကားမျိုး
ပြောထွက်ကြတယ်
မြန်မာနိုင်ငံသားဖြစ်လို့  ထူးပြီး ဂုဏ်မယူဘူး
ဒါဥာဏ်ရည် အရည်အချင်းနဲ့  ရွေးချယ်ထားတာမဟုတ်ဘူး
လူမျိုးတစ်ခုအဖြစ်ရောက်ရှိနေရုံလေးပါ
ဒါကြောင့်လည်း မာန်တွေနဲ့  နိုင်ငံကို
ချစ်ဖို့ မသင့်ဘူး
မြန်မာနိုင်ငံမှာမွေးလို့ 
မြန်မာနိုင်ငံသားမို့ 
မြန်မာကို ချစ်ပစ်လိုက်တာ
မြန်မာဟာ ကမ္ဘာမှာ သိပ်မတော်ဘူး
မြန်မာဟာ ကမ္ဘာမှာ သိပ်မကျော်ဘူး
ဘယ်လိုပဲ စုတ်ပြတ်သက်အောင် မွဲတေနေပါစေ
မြန်မာနိုင်ငံသားဖြစ်နေပြီမို့ 
မြန်မာကို ချစ်ပစ်လိုက်တယ်
အကယ်၍ကျနော်သာ ထိုင်းနိုင်ငံသားဆိုရင်
ထိုင်းကိုပဲ ချစ်ပစ်လိုက်မှာ
မြန်မာမျက်လုံးနဲ့  ကြည့်လည်း
ဒီ''ထိုင်း''လေးမှန်တယ်
အချုပ်အခြာအာဏာဆိုတာ ကိုယ့်နိုင်ငံသား
ကိုယ့်လူမျိုးတစ်ယောက်လက်ထဲမှာ
အမြင့်ဆုံးအာဏာရှိနေတာကို
မဆိုလိုဘူး
ပြည်သူတွေပေးချင်တဲ့ သူရဲ့လက်ထဲမှာ
အမြင့်ဆုံးအာဏာရှိမှသာ
ပြည်သူပိုင်တဲ့ အချုပ်အခြာအာဏာ
မလေးကနေ ခွဲထွက်သွားတဲ့ စင်္ကာပူမှာ တရုတ်လူမျိုး လီကွမ်ယုဟာယ ခေါင်းဆောင်ကောင်း ပီသခဲ့တယ်
မြန်မာကြီး အနော်ရထာ ဘုရင့်နောင် အလောင်းဘုရားတို့ ဟာ သူတို့  ခေတ်မှာ သိပ်တော်ခဲ့ကြတယ်
ဒါပေမယ့် သူတို့  ခေတ်မှာ
ပြည်သူတွေ အချုပ်အခြာအာဏာ
ပိုင်ခဲ့ရဲ့လား
ဓါးမိုးပြီး အုပ်ချုပ်တဲ့ခေတ်မှာ
လူ့ တန်ဖိုး လူသိက္ခာကို လူသားတွေနားမလည်ခဲ့ဘူး
မရရှိခဲ့ကြဘူး
ဘိုးဘေးတွေကို စော်ကားတယ်ဆိုတဲ့စကား
ကျနော်ကြားရလေမလား
''ဒီမိုကရေစီဆိုတာ စောက်ရူးတွေနဲ့  မတန်ဘူး''
ပဒေသရာဇ်ခေတ်က ပြည်သူတွေမှာ
ဒီမိုကရေစီနဲ့  တန်တဲ့ ဥာဏ်ရည်မရှိဘူး
၁။ သမိုင်းတွေဟာ သင်္ခန်းစာယူဖို့ 
၂။ အကောင်းဆိုရင် အားကျတတ်ဖို့ 
၃။ အဆိုးဆိုရင် ရှောင်ကျဉ်တတ်ဖို့ 
ငါ့အဖေက မင်းအဖေကို ထိုးခဲ့တာကွဆိုပြီး စကားနာထိုးဖို့  မဟုတ်သလို
မင်းအဖေက ငါ့အဖေကို ထိုးခဲ့တာကွဆိုပြီး နာကျည်းစေဖို့  လည်းမဟုတ်ဘူး
အယုဒ္ဓယအပေါ် ကျနော်တို့ 
လွန်ခဲ့တယ်
့ဗြိတစ်ရှ် တွေ ကျတော်တို့ အပေါ် လွန်ခဲ့တယ်
ရှိစေတော့ ။
ဖြစ်ခဲ့ပြီးပြီ
*စစ်တိုက်သိမ်းပိုက်ပြီး နိုင်ခဲ့တာမှားတယ်
*စစ်တိုက်ခံ အသိမ်းပိုက်ခံပြီး
စစ်ရှုံးခဲ့တာလည်း မှားတယ်
*စစ်ဆိုတာကိုက မှားတယ်
၁၇၅၂မှာ စစ်ပတ်တိုက်ပြီး အလောင်းမင်းတရားက တတိယမြနိမာနိုင်ငံကို ထူထောင်တယ်
အဲ့ခေတ် အဲ့ဒိအချိန်မှာ ဂျော့ဝါရှင်တန်ဟာ အမေရိကန်ကို အင်္ဂလိပ်လက်ကနေ လွတ်လပ်ရေးကို တိုက်ယူနေပြီ
အယုဒ္ဓယကို စစ်ထပ်ချီတဲ့
ဆင်ဖြူ ရှင်မင်း ရဲ့ နောက်ဆုံး နန်းစံနှစ်၁၇၇၆မှာ
ဂျော့ဝါရှင်တန်ဟာ အမေရိကန်ကို ပြည်ထောင်စုအဖြစ် စုစည်းစည်းရုံးနိုင်ခဲ့ပြီ
ပြည်သူတွေကို လူရာသွင်းနေပြီ
ဒီမှာတော့ ဘဝရှင်မင်းတြားကြီး လုပ်ကောင်းနေတုန်း
ကိုယ့်ကိုယ်ကို စကြဝတေးမင်းလို့  ထင်ကောင်းနေတုန်း
ပြည်သူတွေနဲ့ နိုင်ငံကို
ငါပိုင်တယ်လို့  ထင်နေကြတုန်း
ဟူး
မောတယ်
ဒီအတွေးတွေနဲ့  ဒီနိုင်ငံမှာ
ကျနော်မောလာတယ်
စည်းရုံးမှု စည်းလုံးမှုရဲ့
ချို မြိန်ခြင်းကိုပယ်ပြီး
မျိုးရိုးစွဲဘာသာစွဲရဲ့ ခါးသီးမှုကို ထွေးပိုက်ကောင်းနေတုန်းပဲ
မြန်မာ့လူ့ သမိုင်းဟာ
အမေရိကန်လူ့ သမိုင်းထက်
အများကြီးစောတယ်
ဒါပေမယ့်မြန်မာ့လူပီသတဲ့သမိုင်းဟာ
အမေရိကန်ရဲ့ လူပီသတဲ့သမိုင်းထက် အများကြီးနောက်ကျခဲ့တယ်
လူပီသတယ်ဆိုတာ
လူ့ အခွင့်အရေး
လူ့ ဂုဏ်သိက္ခာ
လူ့ အသိဥာဏ်
လူသားဆန်တဲ့စည်းလုံးမှု
အား! ဒီအကြောင်းတွေတွေးတိုင်း ဒီနိုင်ငံသားဟာ တမြေ့မြေ့နာတယ်
ရွေးချယ်ခွင့်မရှိတဲ့ လူမျိုး ဖြစ်တည်မှုတွေနဲ့ 
မိရိုးဖလာကြောင့်
ရွေးချယ်ခွင့်နည်းပါးတဲ့ ဘာသာတရားကွာခြားမှုတွေကို
နားလည်ပေးပါ
ဖြစ်တည်မှုတွေ ဖြစ်ရပ်တွေရဲ့ မတူကွဲပြားမှုတွေကို နားလည်ပေးပါ
လက်ခံပေးပါ
ချီးကျူးစရာမလို အပုတ်ချစရာမလိုဘူး
လုပ်ရပ်လွဲမှားနေမှုကိုသာ ဝေဖန်ပါ
လုပ်ရပ်တွေရဲ့ မှန်ကန်ကောင်းမွန်မှုကို သာ
ချီးကျူးသင့်တာ
လီကွမ်ယုဟာ
ဖြစ်တည်နေတာက တရုတ်လူမျိုး
ဒါကြောင့်မချီးကျူးဘူး အပုတ်မချဘူး
လုပ်ရပ်က ဝန်ကြီးချုပ်ကောင်း
ဒါကြောင့်ချီးကျူးထိုက်တယ်
လစ်ဗျားနိုင်ငံသားကဒါဖီဟာ
လစ်ဗျားခေါင်းဆောင်ကောင်း မဖြစ်ခဲ့ဘူး
မြောက်ကိုရီးယားနိုင်ငံသား
ကိုရီးယားလူမျိုး မြောက်ကိုရီးယား
ခေါင်းဆောင်ကင်ဂျုံအန်ကို
ခေါင်းဆောင်ကောင်းရယ်လို့  မြင်လို့  မရဘူး
ဒါကမြန်မာနိုင်ငံသားအဖြစ်နဲ့  လှမ်းကြည့်တာ
ဂျင်းထည့်ခံထားရတဲ့ မြောက်ကိုရီးယားနိုင်ငံသားကတော့ ခေါင်းဆောင်ကြီးရယ်လို့  ချစ်ကောင်းချစ်မှာ
လူ့ အခွင့်အရေးကို ဘာမှန်းမသိ
နိုင်ငံသားအခွင့်အရေးဆိုတာ ဘာမှန်းမသိရင်
ခင်ဗျားဆိုလည်း ကင်ဂျုံအန်ကို ချစ်မိကောင်းချစ်မိနေမှာ...
အင်းဝခေတ်ကို ပြေးကြည့်တဲ့အခါ
အင်းဝဘုရင်မင်းခေါင်ကို မြင်တယ်
ဟံသာဝတီပြည့်ရှင် မွန်ဘုရင် ရာဇဓိရာဇ်ကိုမြင်တယ်
''အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲမှာ ခေါင်းဆောင်နှစ်ဦးရဲ့မာန်ကြောင့်
စတေးခဲ့ရတဲ့ စစ်သားတွေကို မမြင်ကြဘူး
ကျနော်ဒီစာရေးတာ ရည်ရွယ်ချက်က တစ်ခုတည်းရယ်
နိုင်ငံသားဟာ နိုင်ငံသားအခွင့်အရေး ရရမယ်
ဒါက ရရှိမှု
နိုင်ငံသားဟာ နိုင်ငံသားတာဝန်ကျေရမယ်
ဒါက ပေးဆပ်မှု
နိုင်ငံသားဟာ နိုင်ငံစည်းကမ်းကိုလိုက်နာရမယ်
ဒါက စောင့်ထိန်းမှု
နိုင်ငံသားဟာ နိုင်ငံသားချင်း မတူကွဲပြားမှုများကို နားလည်လက်ခံရမယ်
ဒါက သဘောထားကြီးမှု နားလည်မှု
နိုင်ငံသားဟာ မိမိနဲ့  အယူအဆကွဲပြားတဲ့နိုင်ငံသားအပေါ် ချစ်ခင်နိုင်ရမယ်
ဒါက စည်းလုံးမှု
နိုင်ငံသားဟာ နိုင်ငံသားကောင်းအဖြစ်နေထိုင်မှ
အစိုးရဟာ အစိုးရကောင်းအဖြစ် စီမံမှ
နိုင်ငံဟာ အေးချမ်းတိုးတက်မှာ
အစိုးရမကောင်းတဲ့အခါ နိုင်ငံသားက နိုင်ငံသားကောင်းအဖြစ်နေထိုင်ပြီး အစိုးရကို ဝေဖန်ဖေးကူမယ်
နိုင်ငံသားမကောင်းရင် အစိုးရက အစိုးရကောင်းအဖြစ်နေထိုင်ပြီး ကောင်းအောင်စီမံမယ်
မင်းမကောင်းရင် ငါလည်း မကောင်းနိုင်ဘူးလို့  စိတ်ထားနေသမျှ နိုင်ငံဟာ အဆိုးဝဲဂယက်ထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မယ်မထင်ဘူး....
ကျနော်တို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ရလိမ့်မယ်
''ငါကရော နိုင်ငံသားကောင်းဟုတ်ပါရဲ့လား''လို့  လေ
writer by@onlinehunter