photo credit
အေးချမ်းပါစေမြန်မာပြည်
အခုကချင်ပြည်နယ်မှာ ဖြစ်တဲ စစ်ပွဲတွေနဲ့ပက်သက်လို့ ဘယ်အဖွဲ့စည်းတွေရဲ့ လက်ချက်ဆိုတာ အသိသာကြီး
မြင်အောင်ကြည့်ပြီး ရှက်သင့်တယ်။
စစ်တိုက်တယ်ဆိုတာ မတရားအနိုင်ကျင့်ရမ်းကားစော်ကား ပီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက် စော်ကား နှောင့်ယှက်သူတွေကို တိုက်ထုတ်ကာကွယ်ပေးတာ တရားသော စစ်တိုက်တာလို့ ခေါ်တယ်။
ရနိသူကို တိုက်ရင် အပြတ်တိုက်
လုပ်စားပီး မတိုက်နဲ့
ရန်သူကို ချရင် အပြတ် ချ
ဟန်ရေးမပြနဲ့
အေး
ရန်သူက မှန်ပြီး
စစ်တပ်က အကြံအဖန်လုပ် ဂွင်ဖန်ပီး စစ်အသုံးစားရိတ် အကြောင်းပြယုံသက်သက်နဲ့. စစ်တိုက်တမ်း ကစားပြနေရင်တော့
ဘယ်သူမှလဲ အထင်မကြီးသလို
ဘယ်သူကမှလဲ ယုံကြည် အားကိုးကြမှာ မဟုတ်ပါ။
တကယ်တမ်း တွေးကြည့်ရင်
မည်သူကမျှ လက်နက်ကိုင်ပြီး နှစ်ရှည်လများ အမှောင်ထဲမှာ မနေချင်ကြပါဘူး
လူဆိုတာ ခံယူချက် မျှော်မှန်းချက်တွေနဲ့. အသက်ရှင်နေကြတာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေဆိုတာလဲ ပြည်သူထဲက မွေးဖွားလာတဲ့ ပြည်သူတွေ ဖြစ်သလို
စစ်တပ်ဆိုတာကလဲ ပြည်သူတွေက မွေးဖွားခဲ့တဲ့ ပြည်သူ့ တပ်မတော်ပဲ ဖြစ်ပါတယ်။
ငါ စွဲနဲ့
တပ်မတော်ကို မထိနဲ့
စစ်တပ်ဆိုတဲ့ နာမ်စားတောင် ထည့်မသုံးနဲ့ ဆိုတာကြီးကို ပြည်သူတွေ ကြားရတာ ပြည်သူတွေကို စော်ကားလိုက်တာလို့ ပဲ ယူဆလို့ရပါတယ်။
ခု မြန်မာပြည်က တပ်မတော်ဟာ
မြန်မာကရော ကမ္ဘာ ကပါ ရွံရှာ စက်စုပ်ပီး စောင့်ကြည့်နေကြတဲ့ တပ်မတော်တစ်ရပ်ဖြစ်နေတယိ ဆိုတာလေးကိုဖြင့် သတိပေးပြောကြားရင်း
ပြည်သူချစ်သော ပြည်သူ့တပ်မတော်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ
အနစ်နာခံပေးဆပ်ပီး ခံယူချက်အပြည့်ဖြင် တိုက်ပွဲဝင် တပ်မတော်သားများ အားလုံးလဲ ကျန်းမာပါစေ။
ယုတ်မာကောက်ကျစ်သော တပ်မတော်သားကြီးများကတော့
ပြောင်းလဲချိန်တန်ပြီ လို့သာ ပြောကြား သတိပေးလိုက်ပါရစေ။
...
ထိပ်ထား
MMO