ယောက်ကျား ပိုင်းလုံးများ နဲ့ လူမူကွန်ရက်
တောင်ဒဂုံက လူသတ်မှု့တခုမှာ သေတဲ့ အမျိုးသမီးက အသက် ၅၃ နှစ် လင်ကြီးနဲ့ သားတွေလည်းရှိတယ်။
သတ်သွားတဲ့သူက ခပ်ငယ်ငယ်ချောချော မြေနီကုန်းမှာ တွန်းလှည်းနဲ့ သစ်သီးရောင်းတဲ့သူ သီရိမောင်တဲ့ ..အွန်လိုင်းက တွေ့ကြတာတဲ့။
သားကောင်ရှာနေတဲ့ ပိုင်းလုးံတွေ အွန်လိုင်းမှာ
အများကြီးရှိပါတယ်။
တချို့က မိန်းမပျိုအရွယ်တွေကိုရွေးပြီးဖျက်ဆီးတာပါ သူတို့က ကာမ မုဆိုးတွေပါ။
နောက်တမျိုးက အသက်လတ်ပိုင်း အမျိုးသမီးကြီးတွေကို ပစ်မှတ်ထားတဲ့သူတွေပါ ။
သူတို့က စောင့်ကြည့်နေတတ်ပါတယ်။ အခြေအနေ နဲ့ ဥစ္စာဓန ကို အကဲခတ်နေတတ်ပါတယ်။
ပိုင်းလုးံတွေဟာ တနည်းအားဖြင့် လူပါးတွေပါ
လူကဲခတ်ကောင်းကြပါတယ်။
မိန်းမတယောက်ကို ကြည့်ပြီး လွယ်တယ် မလွယ်ဘူး သိနိုင်စွမ်းရှိကြပါတယ်။
ဘယ်လိုကြည့်လဲ ..လွယ်ပါတယ် ပြောတဲ့စကားတွေနဲ့ …FB မှာ တင်တဲ့ ဓါတ်ပုံတွေကတဆင့် အကဲခတ်နိုင်ပါတယ်။
ပြီးရင် CB ကနေ သွေးတိုးစမ်းပါတယ်။
အခြေအနေကိုလိုက်ပြီး စကားပြောတတ်ကြပါတယ်။
အချီကြီးကြံမယ့်သူတိုင်း စကားပြော အလွန်ညက်ပါတယ်။
ဘလိုင်းကြီးဘယ်တော့မှ မဝင်ပါဘူး စကားပြောယဉ်ကျေးပါတယ်။
ဗဟုသုတ အနည်းငယ် ပြည့်စုံပါတယ်။ အထင်ကြီးသွားအောင် ပါ ။
အချီကြီးကြံမယ့်သူတိုင်းမှာတူညီတာတခုရှိပါတယ်
သူ့ အကြောင်းမသိမချင်း စားနိုင်သောက်နိုင် သုးံနိုင်ဖြုန်းနိုင်တဲ့ ဒီဇိုင်းဖမ်းထားကြတာပါဘဲ။
သက်လတ်ပိုင်းအမျိုးသမီးတွေကို ကြံရတာ ပိုလွယ်ပါတယ်။
ဒီအသက်အရွယ်ဟာ အကျပိုင်းဖြစ်လာတဲ့အခါ
အထီးကျန်တဲ့စိတ် ခံစားကြရပါတယ် life က ဘောင်ကျဉ်းလာပါတယ်။ လူငယ်တွေလို ဖူးနုနေတဲ့ အလှတွေ မရှိတော့တဲ့အတွက် စိတ်ဓါတ်ကျစရာအလှကို နေ့တိုင်းရင်ဆိုင်နေရပါတယ်။ အဲဒီလိုအချိန်မှာ ကိုယ့်ထက် အသက်ထက်ဝက်လောက်ငယ်တဲ့သူက စိတ်ဝင်စားတာခံရရင် ..ဖြစ်လာတတ်တဲ့စိတ်က
စိတ်ဓါတ်တက်ကြွလာတာပါ ။
သူနဲ့ရွယ်တူတွေကိုစိတ်မဝင်စားဘဲ ငါ့ကိုမှ ကြိုက်ရလေခြင်းဆိုပြီး အေးခဲနေတဲ့ရင်ခုန်သံတွေ ပူနွေးလာပါတယ်။
ငါ အလတ်ကြီးရှိသေးတယ်လို့ ခံစားရတဲ့အခါ အလှတွေ ထပြင်ပါတော့တယ်
မထော်မနှမ်းတွေ ဝတ်လာပါတော့တယ်။
ဒါဆိုတဖက်က သေချာသိပါပြီ
သူ့ ကျော့ကွင်းထဲ လည်စင်းပေးပြီး ဝင်လာတဲ့ သားကောင်ကို အသာလေး ခွေကနဲကျသွားအောင် ဘယ်အညှာကိုကိုင်ရမလဲ မေးစရာမလိုတော့ပါဘူး ။
အဲဒီနောက်တော့ လူကိုယူတယ်
ပစ္စည်းကို ချူမယ်
အစာဝလို့ ဌာနပြန်တဲ့အခါ အမယ်ကြီးက မရတော့ပါဘူး
တန်းတန်းစွဲနေပါပြီ
မိန်းမဆိုတာ စိတ်ဆိုးရင် မဆင်ခြင်ဘဲ ရန်ဖြစ်လေ့ရှိပါတယ်
ငါ့ကို ထားခဲ့ရင် နင့်အကြောင်း လူတကာပြောမယ် ဘာညာ
ဆိုတာမျိုး ခြိမ်းခြောက်တတ်ပါတယ်။
ဒါ့ကြောင့် နောက်ဆုးံ အသတ်ခံရတာများပါတယ်။
ဒီတော့ FB သုးံတဲ့အခါ ဘယ်သူ့ ကိုမှ မယုံပါနဲ့
ဓါတ်ပုံကို လှအောင်ရိုက်လို့ရပါတယ်
စကားကို ခိုက်အောင် ပြောလို့ရပါတယ်
ကိုယ့်အသက်အရွယ်ကို ချစ်လွန်းလို့ ခင်လွန်းလို့ ပြောလာရင် တခုသတိရပါ
ငယ်ရွယ်နုပျိုစဉ်ကအလှကိုရခဲ့တဲ့ ကိုယ့်ယောက်ကျားတောင်
အခုချိန်မှာ
ကိုယ်နဲ့ ၁၈ နှစ်သမီး ဘယ်သူ့ ရွေးမလဲဆို
၁၈ နှစ်သမီးကို လက်ညှိုးထိုးမယ်ဆိုတာ သတိရပါ ။
ဒီတော့ ကလေးတွေမွေးပြီး တင်တွေက ပြဲ ရင်တွေက ရွဲကျလာတဲ့ ကိုယ့်လို အိုကြီးအိုမကို မြတ်နိုးလွန်းလို့ပါ ဆိုတဲ့ သကောင့်သားကို မယုံကြည်ပါနဲ့
အချစ်စစ်ဆိုတာ
တူတူအိပ်တာမဟုတ်ပါဘူး
ကိုယ့်ကိုကိုယ်စောင့်ရှောက်တာပါ
ကိုယ်ရတဲ့ဘဝကို တန်ဘိုးထားတာဟာ အချစ်စစ်စစ် ပါ ။
နေဝင်ချိန်မှာ ကိုယ့်အလှကို လက်ခံတာ အချစ်စစ်စစ်ပါ
နောက်ဆုးံခရီးမှာ ဒါနနဲ့ သီလကို အထုပ်ကြီးကြီးထုပ်သွားတာ အချစ်စစ်စစ်ပါ။
Please Follow Me