photography
- ကွာပ *
ဟေ အံ့သြတယ်ကွာ အမေရိကန်လို စူပါ ပါဝါ
အင်အားကြီး နိုင်ငံကြီးက သမ္မတဟောင်း အိုဘားမား
ခင်ဗျားဗျာ နည်းနည်းပါးပါးလေး ခိုးထားတာတောင်
ဟုတ်ပါဘူး စုထားဆောင်းထားတာလေးတောင်
မရှိဘူးလားဗျာ ဘယ့်နှယ် ရာထူးက
ဆင်းတာမှမကြာသေးဘူး သမီးက စားသောက်ဆိုင်မှာ အလုပ်ဝင်နေရတယ်လို့ ကွာပ ကွာပ ကျုပ်တို့ရဲ့
နိုင်ငံကို ခင်ဗျားတို့က ဒါနဲ့များ နှိမ်ချင်သေးတယ်
ဘာတဲ့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဆိုပဲ ဆင်းရဲလား
မဆင်းရဲလားတော့သိဘူး သမ္မတအဆင့်မပြောနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်ကောင်တွေတောင်
တာဝန်ကနားရင် တစ်ဆွေလုံး ဒူးနှံ့ပြီးထိုင်စားလို့
ရလာက်အောင် အကျိုးရှိတယ်ဗျ အေးလေ ခင်ဗျားတို့
တိုင်းပြည်မှာက ကံငါးပါးတွေ လောကပါလတရားတွေ
၃၈ ဖြာတွေမှ မရှိတာ ရာထူးကလည်းပြုတ်ရော
လူမွဲဘဝရောက်တာပေါ့ နတ်မြတ်နတ်ကောင်းတွေက
ဘယ်စောင့်ရှောက်ပါ့မလဲ ကျုပ်တို့တိုင်းပြည်ကတော့
ထေရဝါဒဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီကျင့်ကြံနေထိုင်
ခိုးစား အဲ ဟုတ်ပါဘူး ရိုးသားကြိုးစားတဲ့ လူမျိုးတွေ
နေတဲ့နိုင်ငံဆိုတော့ ရာထူးကလည်းနားရော
ချမ်းသာသွားကြတာ မဆန်းပါဘူးလေ ဖြစ်ရလေ
အိုဘားမားကြီးရယ် ခင်ဗျားကို သနားတယ်
ကျွတ် ကျွတ် ကျွတ်
အိုဘားမား သမီးလေးကလည်း ညံ့ပါ့ အဖေက
သမ္မတဖြစ်တုန်း အခိုက်အတန့်လေးမှာ
သိမ်းထား ဆည်းထားမယ် မရှိဘူး အ ချက်
မင်းတို့ကို သနားတယ်ကွာ ကျွတ် ကျွတ် ကျွတ်
crd;ညီငယ်မိုး
via ကျော့ကျော့စံp

via ကျော့ကျော့စံ