photo credit
'*
ဇရပ်ကွင်းအုပ်ချုပ်ရေးမှူးက ဆရာတွေကို ကြမ်းပြင်ပေါ်ထိုင်ခိုင်းတဲ့ပုံ ဆိုပြီး
အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပေးပို့လာပါတယ်။
အရိုက်ခံရတဲ့ ကလေး(မူပြ ဆရာ) တစ်ဦးဟာ အခု နံရိုးထဲက အတော်နာကျဉ်နေရပြီလို့
ဆိုလာပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အသေးစိတ် မှန်မှန်ကန်ကန်စုံစမ်းပြီး
ကိုယ်ထိလက်ရောက်ကော
နှုတ်ရေးအရကောပါ စော်ကား ရ်ုက်နှက်ခံခဲ့ရတဲ့ ဆရာတွေအတွက်
ကျွန်တော်တို့ လူငယ် ပညာရေးမှူး များအဖွဲ့က
'အခြေခံပညာဦးစီးဌာန -ရုံးချုပ်(နေပြည်တော်) ' နဲ့ 'မြန်မာနိုင်ငံဆရာ/မများ အဖွဲ့ချုပ်'တို့ထံ ဆရာထုကိုယ်စား အရေးဆို တိုင်တန်းပြီး ကျေနပ်လောက်တဲ့ တောင်းပန်မှု ရသည်အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပုံပါ ပုဂ္ဂိုလ် မှန်/မမှန် သိတဲ့သူများ ကူညီပြီး လာရောက်ဆက်သွယ်ပေးစေလိုပါတယ်။
(မန်းလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း ရွာ အထက ဇရပ်ကွငိး ကျောင်း)
<<<သပိတ်ကျင်းမြို့နယ်ရယ် စိတ်ပျက်လှပြီ
G2သင်တန်းကို မေလ ၅ ရက်မှ ၂၃ ရက်နေ့အထိ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အထက ဇရပ်ကွင်းတွင် သင်ကြားပို့ချလျက်ရှိပါသည်။ မေလ ၂၀ ရက် တနင်္ဂနွေနေ့တွင် သင်တန်းပိတ်သောကြောင့် ဆရာ၊ ဆရာမများ နီးစပ်ရာ နေရာများသို့ အလည်အပတ်သွားခြင်း၊ ဘုရားဖူးခြင်းဖြင့် သွားလာခဲ့ကြသည်။ ထိုနေ့ ည ဆရာမများတည်းခိုသော အထက ဇရပ်ကွင်းကျောင်းရှေ့တွင် ကျောင်းဆရာတစ်စုမှ လာရောက်၍ ဂစ်တာတီးပြီး သီချင်းဆိုနေစဉ် ရပ်ရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားတစ်စုရောက်လာ၍ သံတုတ်၊ နံချပ်ကူစသော လက်နက်များနှင့် ဝိုင်းရိုက်ကြသည်။ ထိုသို့ရိုက်သည်ကို အဆောင်က ဆရာမများ မျက်မြင်ပင်ဖြစ်သည်။ ဘာအကြောင်းကြောင့်ဆိုတာကို ပြေပြေလည်လည် မပြောဆိုဘဲ စည်းကမ်းချိုးဖောက်သည်ဆိုကာ ဝိုင်းရိုက်ကြခြင်းပင်။ အနီးအနားက လူများလာရောက်၍လည်းမကူည် မဖြေရှင်းသည့်အပြင် ဆဲ ဆို သွားကြသေးသည်။ နားမခံသာ။ ဒါကိုတော့ ပတ်ဝန်းကျင်နှင့် ကျောင်းတွင်နေသော ဆရာမများအသိပင်ဖြစ်သည်။ ဆရာများမှလည်း ကျနော်တို့မသိလို့ပါဟု လက်အုပ်ချီ အကြိမ်ကြိမ်တောင်းပန် သော်လည်း မရ။ ရိုက်နှက်၍ လက်ထိတ်ခတ်ပြီး အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်သွားကြသည်။ ဆရာ ၃ ဦးစလုံးမှာ မျက်နှာတွင် သွေးသံရဲနေပြီ။ ဤသတင်းကို ကိုယ့်ပညာရေးဝန်ထမ်းတွေကြားလို့ ဇရပ်ကွင်း အုပ်ချုပ်ရေးမှူးရုံးသို့ လိုက်သွားကြ၍ အကြောင်းစုံသိရန် စုံစမ်းမေးမြန်းကြသည်။ ထိုသို့ ကျောင်းအုပ်ဆရာကြီးတစ်ဦးက မေးမြန်းသည်မှာ
- ဒီကျောင်းဆရာတွေကပြောတယ်။ အုပ်ချုပ်ရေးမှူးကိုယ်တိုင် သံတုတ်ဖြင့် လိုက်ရိုက်သည်ဆိုသည်မှာ ဟုတ်ပါသလား?
- ဟုတ်တယ်ဆိုရင် ဘာကြောင့် ဒီလောက်ရိုက်ရတာလဲ?
- အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားတွေရော ဘာကြောင့် လက်နက်တွေနဲ့လာပြီး ရိုက်ရတာလဲ?
ကျောင်းအုပ်ဆရာကြီး၏ မေးမြန်းချက်ကို ဖြေရှင်းချက်မပေးဘဲ အုပ်ချုပ်ရေးမှူးက "ဒါ ငါ့နယ်မြေ၊ ငါအုပ်ချုပ်တာ ဒီလိုပဲအုပ်ချုပ်တယ်၊ ဒီမှာ ငါက အိမ်ရှင်၊ မင်းတို့က ဧည့်သည်တွေ၊ ဧည့်သည်တွေက အိမ်ရှင်ရဲ့စည်းကမ်းကို လိုက်နာရမှာမသိဘူးလား စောက်ဆင့်မရှိတဲ့ကောင်တွေ "ဟု မျက်နှာထားတင်းတင်း လေသံကျယ်ကျယ်ဖြင့် ပြောလေသည်။ ထိုအချိန်တွင် အပြင်မှာရပ်စောင့်နေကြသော ဆရာများက စိတ်ပူ၍ဝင်လာကြည့်ရာတွင် "မင်းတို့ကျောင်းဆရာတွေ ဒါအကုန်ပဲလား ရှိသေးရင်ထပ်ခေါ် အကုန်လုံး တစ်စစီလုပ်ပစ်မယ် ဘာမှတ်နေလဲ"ဟုပြောကာ အပြင်သို့ သူ့ရွာသားများကို "ဟေ့ကောင်တွေ ငါ့ကောင်တွေခေါ်စမ်း"ဟုပြောပြီး စိန်ခေါ်လိုက်ပြန်သည်။ ဖြေရှင်းချက်မပေးဘဲ လိုရာဆွဲပြောနေသောကြောင့် ပြသနာမဖြစ်ချင်ကြလို့ ခံဝန်ချက် လက်မှတ် ရေးထိုးခဲ့ကြသည်။ မနက်ဆက်ပြီး ဘာဖြစ်မယ်မသိသေးပါ။
ငြိမ်းချမ်းပါစေ လို့ပဲ ဆုတောင်းပါတယ်။
အုပ်ချုပ်ရေးမှူးနှင့် ဖြေရှင်းလိုသည်မှာ
အုပ်ချုပ်ရေးမှူးကိုယ်တိုင် သံတုတ်ဖြင့် လိုက်ရိုက်သည်ဆိုသည်မှာ ဟုတ်ပါသလား?
ဟုတ်တယ်ဆိုရင် ဘာကြောင့် ဒီလောက်ရိုက်ရတာလဲ?
အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားတွေရော ဘာကြောင့် လက်နက်တွေနဲ့လာပြီး ရိုက်ရတာလဲ?
အဲဒီရိုက်တဲ့ရွာသားတွေကရော ဘယ်သူတွေလဲ?
ကျောင်းပတ်ဝန်းကျင်ကလူတွေ အော်ချင်သလိုအော် ဆဲချင်သလိုဆဲပြီး ဆရာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားပြောခဲ့ခြင်းကို အရေးယူမှုရှိ၊ မရှိ။
ဟုတ်လား။ ကျွန်မ ကြားဖူးတာတော့လေ...ကျွန်မတို့ လိုချင်ဖြစ်ချင်တာတွေကို ငါးတွေရဲ့ဘုရင်ဆီမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ကြားဖူးတယ်။ သူ့ကို ပြန်မလွှတ်ခင် ဆုလေး ဘာလေး မတောင်လိုက်ဘူးလား" လို့ မိန်းမဖြစ်သူက မေးလာပါတယ်။
ယောကျာ်းဖြစ်သူက ပြန်ပြောတယ်။
"နေပါစေကွာ....ဘာဆုမှ မတောင်းခဲ့ပါဘူး။ ဒီတိုင်းပဲ သူ့ကို သနားလို့ ပြန်လွှတ်ပေးလိုက်တယ်"
မိန်းမဖြစ်သူက