photo credit
န်ကုန်မှာ ပူနေလို့ ရေတံခွန် တစ်ခုခုသွားချင်နေတဲ့ ကိုယ့်ကို ကိုယ်ရဲ့ Travel blogger သူငယ်ချင်း Thiha, the Traveller က နန့်မွန်ကြီးရေတံခွန်ကို သွားပါလားတဲ့ နင်ကြိုက်တဲ့ရေပြာတွေနဲ့ေ၇တံခွန်မျိုးတဲ့.. ကိုယ်လို တချိန်လုံးခရီးသွားနေတဲ့ သူကတော်ရုံ လူအရမ်းများတဲ့ရေတံခွန် ပိစိကွေးတွေကို သွားဖို့စိတ်မပါတဲ့သူကို သူက နင်သေချာပေါက်ကြိုက်မှာသွားကြည့်ကြည့်ဆိုပြီးတွန်းအားပေးပြီး သူရေထားခဲ့တဲ့ ဒီရေတံခွန် အကြောင်းပေးဖတ်တယ်.. ကိုယ်လဲ နေပြည်တော်နားမှာတင်ဆိုတော့ သွားကြည့်လိုက်ပါမယ်ဆိုပြီးထွက်လာခဲ့တာ..
ရန်ကုန်ကနေ .. နေပြည်တော်….ပေါင်းလောင်းမြို့သစ် .🚖🚖
ရန်ကုန်ကနေ နေပြည်တော် နေပြည်တော်ကနေ ပေါင်းလောင်းဆိုတော့ ဟိုဘက်ရောက်ရင် အကွေ့အကောက်တွေ ရှိနိုင်တာမို့ ကားပဲစီးလုံး ငှားသွားလိုက်ကြတယ်.. ကိုယ့်သူငယ်ချင်း ကိုကြီးကျယ်တစ်ယောက်ပါလို့ Alphard ကားကို တစ်ညအိပ်ငှားသွားကြတာ ..ငါးယောက်စီးလို့ရတဲ့ ကားကို 3 သိန်းခွဲပေးရတယ်ယ်.. ပုံမှန်ကားဆိုရင်တော့ 3 သိန်းလောက်နဲ့ရပါတယ်. ( ကိုငယ်လေး 095402733 ) ငှားချင်ရင်တော့ သူ့ဆီမယ် ကားတွေအစုံရှိတယ်.. ရန်ကုန်ကနေ မနက် 5 နာရီထွက် ပြီး နေပြည်တော်ကို မနက် 11 နာ၇ီရောက်တယ်.. နေပြည်တော်မှာထမင်းဝင်စားပြီး ရန်ကုန် မန်းလေး လမ်းဟောင်းဘက်ကို မောင်း..ပြီးရင် မန်းလေးလမ်းအတိုင်း အထက်ကို ဆန်ပြီး ပင်လောင်းဘက်သွားတဲ့လမ်းအတိုင်း ဆက်မောင်းရတာ 3 နာရီလောက်ကြတော့ ပေါင်းလောင်းမြို့သစ်ကိုရောက်ရော.. ရန်ကုန်ကနေ နေပြည်တော်..နေပြည်တော်ကနေ ရန်ကုန်မန်းလေး လမ်းဟောင်းအထိကတော့ လမ်းကဖြူးပြီး ဖြောင့်နေတော့ အေးဆေးပဲ.. ရန်ကုန်-မန်းလေး လမ်းဟောင်းကနေ ပင်လောင်းဘက်ကို တက်တဲ့လမ်းကစပြီးတော့ မှ တောင်တွေမို့ အကွေ့အကောက်တွေ များတယ်.. လမ်းကကျဉ်းပေမယ့် လမ်းတော်တော်ကောင်းပြီး ကားအသွားအလာ နည်းတော့ တော်သေးတယ.်.. ကိုယ့်ကားနဲ့ကိုယ်လာရင်တော့ ဒီလမ်းကိုသတိထားရမယ်.. 15 ကွေ့လောက်သွားပြီးမှ ပေါင်းလောင်းကိုရောက်လို့.. မူးတတ်တဲ့သူဆိုရင်တော့ အချိုလေးတွေဆောင်ထားပါ.. ဒါပေမယ့် တစ်နာရီ ကျော်လောက်ပဲ အတက်အဆင်းလမ်းဆိုတော့ သိပ်တော့ မကြာလိုက်သလိုပါပဲ.. ရူခင်းတွေလဲလှတော့ ဟိုကြည့်ဒီကြည့်နဲ့ပေါ့..
ပေါင်းလောင်းမြို့သစ် မှ နန့်မွန်ကြီးသို့ 🛶🛶
ကိုယ်တွေဆိုတာ ဘယ်သွားသွား GPS ဖွင့်ထားတဲ့သူတွေ.. ဟိုးရှေ့က ပေါင်းလောင်းမြို့သစ်ရောက်တော့မယ်လို့ ကားဆရာပြောတော့ လှမ်းကြည့်လိုက်တာ ရေအိုင်အကြီးကြီးလို ဆည်ကြီးလိုလိုတွေ့တယ်.. အဲဒါနဲ့ ကိုယ့် GPS ကို ကိုယ်ပြန်ကြည့်တော့ အဲ့ဒီရေအိုင်ကြီး၇ှိမနေဘူးး ..လယ်ကွက်လိုလ်ု မြေနိမ့်ချိုင့်ဝှမ်းကြီးပဲပေါ်နေတာ..ပေါင်းလောင်းရောက်တော့ ကိုသီဟ ပြောလိုက်တဲ့ နမ့်မွန် စတိုးနဲ့ နမ့်မွန် စားသောက်ဆိုင်ကိုရှာရတယ်.. လမ်းမပေါ်မှာ ဆိုတော့ ရှာရတာ အင်မတန်ကိုလွယ်တယ်.. ဆိုင်းဘုတ်လဲ၇ှိတော့ အေးဆေးပဲ ..ဆိုင်ထဲဝင်သွားပြီး နန့်မွန်ကြီးသွားချင်လို့ လှေငှားချင်လို့ပါဆိုပြီးပြောလိုက်တာ.. ချက်ချင်းစီစဉ်ပေးတယ်.. တစ်စီးကိုအသွားအပြန် 4 သောင်းပေးရတယ်.ညအိပ်ဆိုရင်တော့ 6သောင်းပေးရပြီး တစ်စီးကို 10 ယောက်လောက်စီးလို့ရတယ်.. ဆိုင်ကနေ လှေဆိပ်ကို 5 မိနစ်ကားမောင်းလာပြီး လှေဆိပ်ရောက်တော့ GPS ထဲမပေါ်တဲ့ရေပြင်ကြီးနားရောက်ရောပေါ့ .
.
🙊🙊ရေအောက်မြုပ်နေတဲ့ ရွာကြီးတွေပေါ်ကနေ လှေစီး
လှေပေါ်ရောက်ပြီးလှေစစီးတော့ ရေထဲမှာ သစ်ပင်အခြောက်တွေ အများကြီးတွေ့ရတယ်.. လှေကေ၇ှာင်မောင်းရတယ်.. ၀ါးပင်တွေလဲရေထဲမှာ ထိုးထိုးထောင်ထောင်နဲ့ ဘေးဘီကို ကြည့်ရတာ တမျိုးပဲ..ဘေးဘက်တွေကတော့ တောင်တွေအထပ်ထပ်နဲ့ပေါ့ ..လှေသမားလေးကိုဒါတွေကဘာတွေလဲမေးမိတော့ ကိုယ်တွေပဲပါးစပ်အဟောင်းသားနဲ့..တကယ်က ဒီရေပြင်ကြီးက ပေါ်လာတာ 5 နှစ်လောက်ပဲရှိသေးတယ.်တဲ့.. အရင်ကဒီနေရာကရွာပေါင်း 20 ကျော်ရှိခဲ့တာတဲ့ .ပေါင်းလောင်းဆည်ကနေ ရေလွှဲ၇င်းနဲ့မှ ဒီလိုတွေ မြုပ်ကုန်တာတဲ့.. ကိုယ်တွေမယ် အံသြရင်းး ဟယ်.. ဒါဆို လူတွေသေကုန်လားရေတွေ တက်လာတော့လို့မေးတော့..အဲ့လိုမဟုတ်ဘူးတဲ့..ကြိုတင်ပြီးရွာတွေပြောင်းဖို့အကြောင်းကြားတာတဲ့.. ပြောင်းပြီးသွားမှ နည်းနည်းစီရေလွတ်တာတဲ့.. ကိုယ်တွေညအိပ်ခဲ့တဲ့ စခန်းက အန်တီအမေဆို ရွာပြောင်းရမယ်ဆိုတုန်းက ငိုတယ်တဲ့.. သူတို့မပြောင်းချင်ကြဘူးတဲ့.. ရေအောက်ထဲမယ် ဘုန်းကြီးကျောင်းတွေလဲရှိတယ်.. ဘုရားအပျက်လဲရေပေါ်မှာ ပေါ်နေတာတွေ့တယ်.. သစ်ပင်တွေကတော့ အများကြီးရှိနေပုံအရ ဒီနေရာဟာအရင်က တော်တော်လေးသစ်ပင်တွေထူထပ်နေမယ်.. တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတဲ့ရေပြင်ကြီးပဲ.. ကိုယ်တွေလဲဓါတ်ပုံတွေရိုက်လိုက် လှေအကူကောင်လေးကိုမေးလိုက်နဲ့ လှေစီးတဲ့ တစ်နာရီ ဘယ်လို ကုန်သွားမှန်းမသိဘူး ..