photo credit
တော်လှန်ရေး
ခေတ်ပျက်ထဲက
အသက်ရှူ သံဟာ အရောင်မှိန်လွန်းတယ်။
ဒုက္ခဟာ သူကိုယ်သူအစိမ်းရောင်ဆိုပြီး
စာအုပ်ထူထူကြီးပေါ်တက်ထိုင်နေတော့
ပြည်သူတွေရဲ့မျော်လင့်ချက်ဟာ
အနေဆင်းရဲအစားဆင်းရဲဖြစ်ရပြီ...
လာကြဟေ့…
ဟောဒီမုန်တိုင်းပင်လယ်ကိုကျော်ဖြတ်ဖို့
ငါတို့အတွေးအသားနဲ့
တံတားတစ်စင်းဆောက်မယ်……
ရဲရင့်ခြင်းမီးလျှံနဲ့
တစ်ဖန်နိုးထလာမယ့် ဖီးနစ်ဌက်ဟာ
ခွပ်ဒေါင်းအသွင်နဲ့ပေါ့…
ဒီမိုကရေစီ…
ခင်ဗျားပါးစပ်ဖျားမှာလည်းဒီမိုကရေစီ
ကျုပ်ပါးစပ်ဖျားမှာလည်းဒီမိုကရေစီ
လေထဲကဒီမိုကရေစီတွေဟာ
တံတွေးစော်နံလွန်းတယ်။
ကျောင်းသားနဲ့လယ်သမားဆိုတာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ဆရာစံမျိုးရိုးကွဲ့…
ဘယ်သူတွေခေါင်းပုံဖြတ်နေတာလဲ။
မပြီးဆုံးသေးတဲ့လမ်းကိုဆက်လျှောက်ဖို့
ငါတို့ဖဝါးတွေသွေးတွေရွှဲရဦးမယ်
ဟိုးမှာအလင်းပြပြ…
မဝေးတော့မယ့် အနာဂတ်မှာ
ငါတို့တိုင်းပြည်ကြီးလှပစေရမယ်
ဟုံကြည်ထားစမ်း…
အမှန်တရားဟာပန်းဝင်နောက်ကျပေမယ့်
ဘယ်တော့မှအပြုံးမပျက်ဘူးဆိုတာ
ယုံကြည်ထားစမ်း…
မတူတော်တွေရဲ့အတ္တမီးလျှံကို
ငါတို့ရဲ့ ညီညွတ်ခြင်းတေးသွားနဲ့
ရိုက်ချိုးနိုင်တယ်ဆိုတာ
ယုံကြည်ထားစမ်း…
မင်းဟာဘာကိုမှမယုံကြည်ဘူးဆိုရင်တောင်
"တော်လှန်ရေး"ဆိုတဲ့စကားလုံးလေးရဲ့
ခမ်းနားထည်ဝါမှုကိုတော့
ယုံကြည်ရလိမ့်မယ်……။ ။
မြစ်ကြီးနား-မန္တလေးမီးရထားလမ်းပိုင်းတွင်တံတားနှစ်စင်း နှင့်မိုင်းရှင်းရထားမိုင်းခွဲခံရ
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေးမီးရထားလမ်းပိုင်းတွင် မေ ၁၅ ရက်
ည ၁၁ နာရီကျော်အချိန်ခန့် တွင် တံတားနှစ်စင်း နှင့်မိုင်းရှင်းရထား
မိုင်းခွဲခံရကြောင်းသတင်းရရှိပါတယ်။
Source. Eleven