photo credit
တနေ့တော့ လှေပေါ်မှာထိုင်ပြီး ငါးမျှားနေတုန်း ရုတ်တရက် ငါးမျှားတံကို တစ်စုံတစ်ခုက အတင်းဆွဲနေသလို ခံစားရလို့ ငါးမျှားကြိုးကို ဆွဲတင်လိုက်တယ်။ ဒီအခါမှာတော့ အလွန်လှပပြီး ကြီးမားတဲ့ ငါးတစ်ကောင်ဟာ ငါးမျှားချိတ်မှာ ချိတ်မိနေတာကို တွေ့လိုက်ရတယ်။
သူလည်း အရမ်းဝမ်းသာသွားပြီး ငါးကြီးရဲ့ပါးစပ်မှာ ချိတ်နေတဲ့ ငါးမျှားချိတ်ကို ဖြုတ်နေတုန်း ငါးကြီးက သူ့ကို ခုလိုပြောပါတယ်။
"အသင်လူသား ကျွန်ုပ်ကို အသက်ရှင်ခွင့်ပြုပါ။ တကယ်တော့ ကျွန်ုပ်က သာမာန် ငါးတစ်ကောင် မဟုတ်ပါဘူး။ ငါးတို့ရဲ့ ဘုရင်တစ်ပါးသာ ဖြစ်ပါတယ်။ ကျွန်ုပ်ကို သင်သတ်လိုက်လို့ရော သင်ဘယ်လောက်အကျိုးရှိမှာလဲ။ ဒါကြောင့် ကျွန်ုပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်" လို့ပြောလာပါတယ်။
ဒီအခါမှာ လယ်သမားကြီးက "ကျွန်ုပ်ကို ဒီလောက်ထိ တောင်းပန်နေဖို့ မလိုပါဘူးဗျာ။ သင်စကားပြောနိုင်တယ်ဆိုကတည်းက သင်ဟာ သာမာန်ငါးတစ်ကောင် မဟုတ်မှန်း ကျွန်ုပ်နားလည်ပါတယ်။ စိတ်မပူပါနဲ့...ကျွန်ုပ် သင့်ကို ပြန်လွှတ်ပေးမှာပါ" လို့ပြောပြီး ငါးကြီးကို ရေထဲပြန်လွှတ်ပေးလိုက်ပါတယ်။
ညနေစောင်း အိမ်ပြန်ရောက်တော့ သူ့ကို မိန်းမဖြစ်သူက " ဒီနေ့အတွက် ငါးဘယ်နှစ်ကောင်ရခဲ့သလဲ ဖေကြီး" လို့မေးလိုက်တယ်။
သူကပြန်ဖြေတယ်။
"တစ်ကောင်မှ မရခဲ့ပါဘူးကွာ....ဒါပေမယ့် သာမာန်မဟုတ်တဲ့ ငါးတစ်ကောင်ကိုတော့ ဖမ်းမိလိုက်တယ်။ စကားလည်း ပြောတတ်တယ်ကွ။ သူကတော့ သူ့ကိုသူ ငါးတွေရဲ့ဘုရင်းတစ်ပါးလို့ပြောတယ်။ နောက်ပြီး ငါ့ကို ရေထဲပြန်လွှတ်ပေးဖို့ တောင်းပန်တာနဲ့ ငါလည်းသနားလို့ ပြန်လွှတ်ပေးလိုက်တယ်"
"ဟုတ်လား။ ကျွန်မ ကြားဖူးတာတော့လေ...ကျွန်မတို့ လိုချင်ဖြစ်ချင်တာတွေကို ငါးတွေရဲ့ဘုရင်ဆီမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ကြားဖူးတယ်။ သူ့ကို ပြန်မလွှတ်ခင် ဆုလေး ဘာလေး မတောင်လိုက်ဘူးလား" လို့ မိန်းမဖြစ်သူက မေးလာပါတယ်။
ယောကျာ်းဖြစ်သူက ပြန်ပြောတယ်။
"နေပါစေကွာ....ဘာဆုမှ မတောင်းခဲ့ပါဘူး။ ဒီတိုင်းပဲ သူ့ကို သနားလို့ ပြန်လွှတ်ပေးလိုက်တယ်"
ကင်းပြီး ချစ်ခင်သနားစိတ်နဲ့ ရိုင်းပင်းကူညီ လေးစား ဆက်ဆံသူပေါများပြီး ကိုယ့်တစ်ချက်လောက် ပြုံးပြတာနဲ့
တစ်ဖက်လူက ကူညီလိုစိတ် ညွတ်ကျစေတဲ့ ဓါတ်ကို ပီယလို့ခေါ်ပါတယ်။
အမျိုးသားများအဖို့လည်း ရန်အနှောင့်အယှက်ကင်းပီး မိန်းကလေးတွေစိတ်ဝင်စားခံရပြီး အကြီးအကဲ ဆရာ