photo credit
Blue Lagoon တွေအထပ်ထပ်နဲ့ ရေတံခွန်ကြီးက ကိုယ်တွေမြန်မာပြည်မှာရှိနေတယ်ဆိုတာ ကိုယ်အခုမှ သိရတာ ကိုယ့်ကိုကိုယ်တော်တော်လေးအသဲယားမိတယ်.. ပြီးတော့ ရန်ကုန်ကနေ သွားရတာလဲသိပ်မဝေး ပိုက်ဆံလဲ သိပ်မကုန်ပဲ..ကိုယ့်မယ် အိမ်နီးချင်းနိုင်ငံတွေက Blue Lagoon တွေကို လျှောက်သွားနေမိခဲ့တာရင်နာမိတယ်. အရှေ့တောင်အာရှက အလှဆုံးလိုပြောကြတဲ့ရေတံခွန်တွေကို တော်တော်များများရောက်ဖူးတယ်.. ထိုင်းက Erawan ရေတံခွန်တို့.. အရှေ့တောင်အာရှမှာ နံပါတ် 1 လို့ပြောကြတဲ့ လာအိုက Kuang Si ရေတံခွန်တို့ ..အရင်လ ကမှ ရောက်ခဲ့တဲ့ ဖိလစ်ပိုင်က နာမည်ကြီး Kawasan ရေတံခွန် တို့.. အကုန်လုံးကရေပြာရေတံခွန်တွေဆို တော့တခြားတွေ့ဖူးနေကြရေတံခွန်တွေလိုမဟုတ်ပဲ ရေတွေမြင်တာနဲ့ ပြေးကိုဆင်းလိုက်ချင်တာမျိုးဖြစ်နေတာပေါ့.. ဒါကြောင့်လဲ အာရှမှာသူတို့က နာမည်ကျော်ပြီး နိုင်ငံခြားသားတွေတဖွဲဖွဲ နဲ့ဖြစ်နေတာပေါ့… အခု .လာပြီလေ.. ကိုယ်တွေ ရဲ့ ရေပြာရေတံခွန်.. သူတို့ထက် အသေအချာကို သာတယ်ဆိုတာ ကိုယ်ရဲရဲကြီးပြောရဲတယ.်
ဘာကြောင့်သာတာလဲ..
💦နေပြည်တော်လို့ခေါ်တဲ့ သွားလာရလွယ်ကူတဲ့ မြို့ကနေ သုံးနာရီပဲမောင်းရတယ်..
💦ပေါင်းလောင်းမြို့သစ်ကိုသွားတဲ့လမ်းက အကွေ့ပေါင်း ၁၅ ကွေ့ကိုဖြတ်ရပြီး သိပ်လှတဲ့ရူခင်းတွေ
💦အဲ့ရေတံခွန်ရောက်ဖို့ ဖြတ်ပြီးလှေစီးရတဲ့ရေပြင်ကြီးက စိတ်ဝင်စားစရာကြီး.. ရွာပေါင်း ၂၀ ကျော်ရေအောက်ထဲမြုပ်နေပြီး သစ်ပင်ခြောက်တွေ ထိုးထိုးထောင်ထောင် နဲ့ ပန်ချီကားလိုပဲ.