အိမ်ထောင်ကြသွားရင် အချစ်က ၅၀%ပဲ ကျန်တော့တာ။
အခုသာ ရူးမူးနေကြတာ။အပျိုကြီးလုပ်ပြီး ပိုက်ဆံတွေထိုင်ရေ နေရင်လဲပျင်းစရာကြီးဟ။ သားသမီးလေးတွေ ပီတိစားပြီး အလုပ်တွေရုန်းကန်နေရတာလဲ ပျော်စရာ တစ်ခုပဲမလား။
အဲ့တော့ သူချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကိုယ့်ဘဝတိုးတက်ဖို့က အဓိကပဲ။ အသက်၃၀မှာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ့်ခြေထောက်ပေါ် မားမားမတ်မတ်ရပ်တည်ဖို့ အဓိကပဲ မှတ်ထား။
အချစ်ကို မကိုးကွယ်နဲ့
တိုးတက်ဖို့လမ်းကိုရှာ။
ချမ်းသာတဲ့လူကို ယူဖို့တော့စိတ်မကူးနဲ့။ အဲ့လိုလူက ပိုဒုက္ခပေးမယ်။
နင် အချစ်ကို ရူးမိုက်မနေပဲ အဲ့လိုလေးပဲနေကြည့်။ မချစ်နဲ့လို့ပြောတာတော့မဟုတ်ဘူးနော်။ အချိန်တိုင်း အချစ်အကြောင်းမစဉ်းစားနေပဲ တိုးတက်ရာ တိုးတက်ကြောင်းလေးလဲ စဉ်းစားဖို့ပြောတာ။
အဆင်ပြေလာလိမ့်မယ်။