Team work လေးတော့ရှိစေချင် ( ၂ )
ကျနော်တို့မြန်မာတွေကို စေတနာတွေ ရက်ရက်ရောရော ကောင်းကြပေမယ့် Team work မရှိသောကြောင့် တိုးတက်မှုမရှိကြ ဟု နိုင်ငံခြားသားတယောက်ကပြောဖူးသတဲ့
တခါက ဆရာတော်တပါးနှင့် စကားလက်ဆုံးကြ၍ စပ်မိစပ်ရာပြောကြရာတွင်
ဆရာတော်က
" တို့မြန်မာလူမျီုးတွေကွာ... ညီညီညွတ်ညွတ်မရှိကြ အသင်းဖွဲ့ ဖွဲ့ပြီးလည်း စီးပွါးဥစ္စာ မရှာတက်ကြဘူး
ခုပဲကြည့်- တို့ မြန်မာတွေများ တစ်ယောက်က မုန့်ဟင်းခါးရောင်းကောင်းလျှင် အခြားသူများလည်းမုန့်ဟင်းခါးဆိုင်ဖွင့်ပြီး လိုက်ရောင်းကြတယ် နောက်တော့ ဘာဖြစ်လာလဲဆိုတော့ သူလဲမရောင်းရ ကိုယ်လဲ မရောင်းရနဲ့ အရောင်းဈေးတွေထိုးကျလာတာပဲရှိတယ် အဲ့ဒီ မုန့်ဟင်းခါးသည်တွေ တစ်နေ့တစ်ခြားရောင်းအားတက်လို့ ချမ်းသာသွားတာ တစ်ယောက်တလေမှမရှိဘူးတဲ့
ဟော...အဲ့သည်နေရာကို ကိုတရုတ်ကြီးတို့တစ်တွေ မုန့်ဟင်းခါးရောင်းကြတယ်ဆိုကြပါစို့...
သူတို့တတွေက တယောက်၂ယောက် စသည်ရောင်းချိန်မှာတော့ ဘာမှမသိသာဘူး... ဆိုင်တွေများလာတဲ့အခါကြတော့ အဲ့သည်နေရာကို မုန့်ဟင်းခါးဈေးတန်းကြီး...ဆိုပြီး လုပ်ပစ်လိုက်တယ် စည်းမျဉ်းဥပဒေတွေချမှတ် အချင်းချင်းစုဝေးပြီး ဘယ်လိုတိုးတက်လာအောင် လုပ်ကြမလဲဆိုပြီး နှီးနှောတိုင်ပင်ကြနဲ့ သူတို့တစ်တွေဟာ တစ်နေ့ တစ်ခြား ကြီးပွါးတိုးတက် သွားကြပါရောလားကွာ" တဲ့
photo credit to google image
Team workနှင့်ပက်သက်၍
အများသူငှါကို ကျနော် မပြောချင်ပါ...
အမှန်ကို အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် ကျနော်ကိုယ်တိုင်ပင်steemitနှင့်ပက်သက်လျှင်သော်လည်းကောင်း အခြားနည်းပညာ ဗဟုသုတ စီပွါးရေးရာ အထွေထွေ၌သော်လည်းကောင်း ကိုယ့်ထက်တော် ကိုယ်တွေထက်သိသောသူကိုသာလျှင် အဖတ်လုပ်၍ စကားပြောချင်ပါသည်
author by @wunna
msu no. 055