ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက အခက်အခဲအနည်းငယ်ပေါ်မည်။ နိုင်ငံခြားသွားမည့်ခရီးစဉ်လည်း လေယာဉ်လက်မှတ် အခက်အခဲကြောင့် ရက်ရွှေ့ရမည်။
ယခုရက်မှာ အနုပညာစွမ်းအားများ ကျဆင်းနေလိမ့်မည်။ အနုပညာလုပ်ငန်းများမှာလည်း အခက်အခဲနှင့်ရင်ဆိုင်ရမည်။
ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ မကျေနပ်မှုများ၊ မပြေလည်မှုများ နှင့် ရင်ဆိုင်ရလိမ့်မည်။
အမိ၊ အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ကြွေးကိစ္စစိတ်ညစ်ရမည်။
နေအိမ်သို့ အလှူဖိတ်စာ၊ မင်္ဂလာဆာင်ဖိတ်စာ ရောက်လာပါက ‘၃’အစ ‘၅’ အဆုံး အောင်ဘာလေအစိုးရ သိန်းထီကိုထိုးပါ။
မော်တော်ကား အရောင်းအဝယ်တစ်ခုခုဖြစ်မည်။