တက္ကသိုလ်ကျောင်းသား
သားလိမ္မာလေး..
ခရီးရောက်မဆိုက် စားသောက်ဖို့
ပျော်ပျော်ကြီး ချက်လိုက်ရတာဖြင့်..
အမေ့မှာ ချွေးကျဖို့ပင်
အချိန်မရ..။
သားလိမ္မာလေး
ထမင်းစားသော်..
တလုတ်စားဝယ် တရက်အမေ့အသက်
ပိုရှည်သလို ထင်မှတ်နေအံ့။
ကျောင်းတက်ရတာ
အဆင်ပြေလား စာလဲကျက်နော်..
ပြောသောအခါဝယ်
ဇနက ထုံး နှလုံးမူ၍ သားအမြဲကြိုးစား
အမေ့အတွက်ပါ...။
သား၏စကား
ဆောင်းလေတမျှ အေးချမ်းလှ၍
ကြည်နူးဝမ်းသာ အမေ့ရင်ထဲ..
ဖြစ်လိုက်တာမှ တဟုန်းဟုန်း...။
သားတို့ TU စာအုပ်ဖိုးက
ရွှေထက်ဈေးကြီး အစချီသော်..
အမေ့ရင်ထဲ
အပူတလှိုင်း ဖြတ်သွားသည်ကို
သားလိမ္မာလေး မရိပ်မိအောင်..
ဖုံးဖိလိုက်ရ အမောပင်...။
သား၏ အပြန်
လိုတာထည့်ပေး
သားထွက်သွားသော်..
အမေ့ရင်ထဲ အပူလုံးက
မျက်ရည်လုံးထက် မသာခဲ့..။
အမေ့နားပေါက်
ဟောင်းလောင်းဖြစ်နေ..
သားလိမ္မာလေး မသိခြင်းက
ဝမ်းသာခြင်းများ
ရင်မှာဆို့လျက်...။
SMT 13