စင်ကာပူလက်ရွေးစင်အသင်းနည်းပြဖြစ်လာခဲ့တဲ့ ဖန်ဒီအာမက်
မကြာသေးခင်ကပဲ ဖန်ဒီအာမက်ဟာ စင်ကာပူလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာခဲ့ ပါတယ်။
စင်ကာပူဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ အက်ဒ်ဝင်တွန် ကတော့ “ ဖန်ဒီအာမက်ကို အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ လက်ရွေးစငအသင်းကြီးရဲ့ နည်းပြအဖြစ်ပါ မှန်းထားပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ကနဦး ရည်မှန်းချက်မျှသာဖြစ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲ ပြီးရင်တော့ သူ့ရဲ့ အရင်တာဝန်ကို ဆက်ထမ်းဆောင် မှာပါ။ဆီးဂိမ်းစ်မှာ ကျွန်တော်တို့ အောင်မြင်မှုရတာကို သူမြင်ချင်နေပါတယ်။တကယ်လို့များ မနက်ဖြန်မှာ နည်းပြနောက်တစ်ယောက်တွေ့ရင်တောင် ဆူဇူကီးဖလားမှာ ဖန်ဒီအာမက်ကိုပဲ တာဝန်ပေးမှာပါ။အခုဆိုရင် ဥရောပက လိဂ်ပြိုင်ပွဲတွေ ပြီးတော့မှာဖြစ်ပြီး ဒါက ကျွန်တော်တို့အတွက် မျှော်လင့်စရာတစ်ခုပါ။ ကျွန်တော် အချိန်တော့မသတ်မှတ်ချင်ပေမယ့် ဆူဇူကီးဖလားပြီးရင် နောက်တစ်ယောက်ထပ်ခန့်မှာပါ” လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် စင်ကာပူဘောလုံးအဖွဲ့ချုပ်ဟာ ဖန်ဒီအာမက်ကို (၂)နှစ်တစ်ကြိမ်ပြုလုပ်နေကျ ဒေသတွင်း ပြိုင်ပွဲအတွက် ကာလတိုရည်ရွယ်ခဲ့တယ်လို့ပဲ ထင်မြင်မိပါကြောင်း ရေးသားလိုက်ရပါတယ်ခင်ဗျား။
Ref ; Foxsports