Steemit ကနေငွေထုတ်ဖို့ လိုအပ်တဲ့ Bittrex Exchange အကောင့် ဖုန်းနဲ့ ဘယ်လိုဖွင့်မလဲ ?
ပထမဦးစွာ မိမိဖုန်းသို့ကွန်ပျူ တာပေါ်ရှိ Browser ပေါ်မှ www.bittrex.com အားဝင်ပါ။ ထို့နောက်ထောင့်တွင်ပြထားသော ခလုတ်လေးအားနှိတ်ပါ။ ဒုတိယပုံအတိုင်းတွေ့ရပါလိမ့်မည်။ ထို့နောက်ဒုတိယပုံပေါ်တွင် အဝိုင်းပြထားသော Log In ခလုတ်လေးအားနှိတ်ပါ။ အောက်ပါအတိုင်းပေါ်လာပါလိမ့်မည်။
Sign Up ဆိုသောဝိုင်းပြထား သည့် ခလုတ်အားနှိတ်ပါ။
မိမိ အသုံးပြုသော Email လိပ်စာ နှင့် မိမိအသုံးပြုလိုသောစကားဝှက်ကိုဖြည့်ပါ။ စကားဝှက်ကိုနှစ်ခါဖြည့်ရပါမည်။ ဖြည့်ပြီးပါက အဝိုင်းပြထားသော SignUp ကိုနှိပ်ပါ။
- Bittrex မှ မိမိ၏ Email အတွင်းသို့ Verificaion Link အားပို့လိုက်ပါလိမ့်မည်။ ထို့နောက် မိမိ ၏ Email အားဖွင့်၍ Bittrex မှဝင်လာသော Mail အားကြည့်ရပါမည်။
- ထို Email အားဖွင့်ပြီးက အပေါ်ပုံအတိုင်းတွေ့ရမည်ဖြစ်ပြီး ဝိုင်းပြထားသော လိပ်စာအရှည်ကြီးအား Click လုပ်လိုက်ပါ။ ထိုအခါ အောက်ပါပုံအတိုင်းမြင်ရပါလိမ့်မည်။ မိမိ ၏ Email အကောင့် အား Verify လုပ်ခြင်းပြီဆုံးပြီ ဖြစ်သည်။
- ' Log In' ဆိုသောခလုတ်အပြာလေးအားနှိတ်ပါ။
- ထို့နောက်တွင်ပုံပါ အတိုင်းမိမိဖြည့်သွင်းခဲ့သော မိမိ၏ Email လိပ်စာ နှင့် စကားဝှက်တို့အားဖြည့်သွင်း ၍ ' Log In' ဆိုသော အဝိုင်းပြထားသည့်ခလုတ်အားနှိတ်ပါ။ မိမိအကောင့် ထဲသို့ ဝင်ခြင်းပြီးဆုံးပါပြီ။ မိမိ၏ ကိုယ်ပိုင် Bittrex အကောင့် တစ်ခုရှိလာပြီဖြစ်ပြီး Steemit မှ ရလာသော Steem Dollar များကိုအချိန်မရွေး Bittrex ထဲသို့ပြောင်းလဲနိုင်ပြီ ဖြစ်ပါသည်။ မိမိ အကောင့် အားမိမိ ကိုယ်ပိုင် Email / Username ဖြင့်အချိန်မရွေးဝင်ရောက်နိုင်ပါပြီ။
အချိန်ပေးဖတ်ရှု့ပေးသဖြင့်ကျေးဇူးပါ။ နောက် Post များတွင် လည်း Steem Dollar များအားရောင်းချခြင်း လွှဲပြောင်းခြင်း အစရှိသဖြင့် Sharing လုပ်ပေးသွားမည် ဖြစ်ပါသဖြင့် ကျွန်တော့အကောင့်အား Follow လုပ်ထားပေးကြပါရန်။
Written By : Michael@That Paing Aung