Coinbase ဟာ ၎င်းတို့ရဲ့ exchangeပေါ်တွင် ERC-20 token တစ်ခုကို ထည့်သွင်းဖို့ စီစဉ်နေကြောင်းကြေညာချက်တစ်ခုအား မတ်လ ၂၆ရက်နေ့က ယင်းတို့၏ Blog တွင် ထုတ်ပြန်သွားခဲ့ပါတယ်။ထိုဖော်ပြချက်ထဲတွင် coinbaseမှ ၎င်းတို့ လက်ခံသွားမည့် ERC-20 token သည် Ethereum Blockchain ၏ Smart contracts စံချိန်စံညွှန်းများနှင့်ကိုက်ညီမှသာ စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။အနာဂါတ်မှာ Coinbase exchange ပေါ်တွင် ERC-20 token များ ဝင်ရောက်လာမယ့် လမ်းစများ ပေါ်ပေါက်လာပြီလို့ပြောရမှာပဲဖြစ်ပါတယ်။
ကြေညာချက်တွင် ERC-20 token များကို ထည့်သွင်းရန်သေချာသော်လည်း မည်သည့် token ဟူ၍ထုတ်ပြန်ပြောဆိုထားခြင်းမရှိပေ။ဤအချက်ကပင်လျှင် ERC-20 token များကိုအလေးနက်ထား စောင့်ကြည့်ရတော့မည်ဖြစ်သည်။Decemberလကဖြစ်ပွားခဲ့တဲ့ bitcoin cash နှင့်ပါတ်သက်၍ စွပ်စွဲပြောဆိုခံရပြီးနောက် မတ်လ ၁၇ ရက်နေ့က
ရေးသားခဲ့သော ကြေညာစာတစ်ခုတွင် တင်းကြပ်သော စည်းမျဉ်းများနဲ့ ထိန်းချုပ်မှုတွေကြောင့် coin အသစ် list လုပ်မည့်ကိစ္စများပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့သောလတွင်လည်း
Coinbase CEO Brian Armstrong မှ Coinbase သာမက ၎င်း၏ exchange အခွဲတစ်ခုဖြစ်သော Gdax တွင်ပါ မည်သည့် cryptocurrencyအသစ်ကိုမှ ထည့်သွင်းရန် ရှာဖွေစဉ်းစားနေခြင်းမရှိကြောင်းရေးသားသွားခဲ့ပါတယ်။ကုမ္ပဏီမှလည်းတရားဝင်ထုတ်ပြန်ထားခြင်းမရှိသလို ရေးသားဖော်ပြချက်များမှာလည်း မှန်ကန်မှုမရှိကြောင်း ဇန်နဝါရီ ၄ရက်နေ့က ရေးသားသွားခဲ့ပါတယ်။
သို့ရာတွင်လည်း ယခုနောက်ဆုံးရေးသားထုတ်ပြန်ထားသော ကြေညာချက်တစ်စောင်တွင်တော့ Gdax exchange ပေါ်တွင် list လုပ်ပြီးသော digital asaet များကိုသာ coinbase ပေါ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်းရေးသားထားခဲ့ပါတယ်။တစ်ဆက်တည်းတွင် ငွေဖြစ်လွယ်မှု၊ဈေးနှုန်းတည်ငြိမ်မှုအစရှိသော အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီးမှသာ ERC-20 tokens များကို Gdax exchange ပေါ်တွင် list လုပ်သွားမည်ဖြစ်ကြောင်း၊ထို့နောက်တွင်မှ coinbaseတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။
#sayrchan
Img Ref: blog.coinbase.com