ဟောင်ကောင်အခြေစိုက် crypto investment firm တစ်ခုဖြစ်တဲ့ Orichal Partners ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သူ Adrian Lai မှ ၂၀၁၈ ခုနှစ်သည် crypto market အတွက် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ဝင်ရောက်ရောင်းဝယ်လာမှုနဲ့အတူ volume မြင့်တက်လာပြီး တည်ငြိမ်သောနှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်ဟူသော ခန့်မှန်းချက်တစ်ခုကို ဧပြီ(၉)ရက်နေ့ကထုတ်ဝေခဲ့သော "south china morning post" သတင်းစာတွင် ရေးသားဖော်ပြလာခဲ့ပါတယ်။
ထပ်မံ၍ Adrian Lai မှ ယမန်နှစ်မှ market captalization 800bln ထိ အံ့အားသင့်စရာ အမြင့်မားဆုံးရောက်ရှိခဲ့ချိန်နှင့် ယခုလက်ရှိတစ်စထက်တစ်စ နိမ့်ကျနေမှုများကို သုံးသပ်ပြခဲ့ပြီး မဖြစ်သင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။၎င်းမှ ယခုကဲ့သို့မယုံနိုင်လောက်စရာကောင်းအောင် မတည်ငြိမ်ဖြစ်နေရခြင်းမှာ သတ်သတ်မှတ်မှတ် ဥပဒေတစ်ရပ်မရှိခြင်းကြောင့်ဟု ယူဆကြောင်းပြောကြားသွားခဲ့ပါတယ်။သို့သော်လည်း Adrian Laiထံမှ အနာဂါတ်အတွက်အကောင်းမြင်မှုတစ်ချို့ကို ယခုကဲ့သို့ပြောကြားခဲ့ပါတယ်။
"ဥပဒေရေးဆွဲသူများမှ cryptocurrency တိုးတက်မှုများကို ပိတ်ပင်တားမြစ်မှုများမရှိဘဲ ဈေးကွက်အားပိုမိုကောင်းမွန်သောထိန်းညှိမှုမျိုးချမှတ်ရန်သာ ကြိုးစားနေကြပါတယ်။အကယ်၍သာ ဥပဒေတစ်ခု ပြတ်ပြတ်သားသားချမှတ်ခဲ့ပြီဆိုရင် crypto industry တစ်ခုလုံးဟာ တည်ငြိမ်လာပြီး၊ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုများသေချာပေါက်ဝင်ရောက်လာမှာဖြစ်တယ်"
လို့ပြောကြားးသွားခဲ့ပါတယ်။
၂၀၁၈ခုနှစ်ဟာ crypto industryတစ်ခုလုံးအပေါ် ဥပဒေထိန်းညှိဖို့ရန် အတော်အရှိန်အဟုန်မြင့်နေပြီဖြစ်လို့ Adrian Lai ၏ ရပ်တည်ချက်ဟာ မှန်ကန်တယ်လို့ပဲဆိုရမှာပါ။ဖေဖော်ဝါရီလထဲမှာ ပြုလုပ်ခဲ့သော CFTCနဲ့ SECတို့ရဲ့ ကြားနာချက်များအရလဲ ၂၀၁၈ခုနှစ်ဟာ crypto industry အပေါ် ဥပဒေပြုထိန်းညှိဖို့ သေချာသလောက်ရှိပါတယ်။လက်ရှိအချိန်မှာ US,Japan နဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေဟာ blockchain,crypto exchange,ICOs တို့အပေါ် ဥပဒေထုတ်ပြန်ရန်အတွက် ငြင်းခုံဆွေးနွေးမှုများရှိနေပြီး အခွန်ကောင်ခံရန် မူကြမ်းများ ရေးဆွဲဆုံးဖြတ်နေပြီး အပြီးသတ်ထုတ်ပြန်ချက်များကိုတော့ မတွေ့ရသေးတာပဲဖြစ်ပါတယ်။ဇန်နဝါရီလအတွက် cointelegraph ရဲ့ ထုတ်ပြန်ချက်များတွင်တော့ ၂၀၁၈ခုနှစ်Q1အတွက် blockchainနဲ့ပါတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုငွေကြေးများဟာ ၂၀၁၇ခုနှစ်မှာရှိခဲ့တဲ့ အရေအတွက်ပမာဏထက် ပိုမိုများပြားလာကြောင်း တွေ့ရမှာပဲဖြစ်ပါတယ်။
#sayrchan
Img Ref: www.google.com