Nasdaq CEO မှ အနာဂါတ်တွင် stock market များတွင် cryptocurrencyများ အတွက် trading platform များပေါ်ထွန်းလာမည်ဟုဆိုခဲ့ပါတယ်။Nasdaq CEO Adena Friedman မှ အင်တာဗျူးတစ်ခုတွင် Nasdaq ဟာ နောက်တစ်ချိန်မှာ crypto exchange တစ်ခုဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။Friedman ဟာ cryptocurrency ဟာ ဆက်လက်ပြီးတည်ရှိမြဲရှိနေမှာဦးမှာဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောကြားသွားခဲ့ပါတယ်။တစ်ခုတည်းသော စဉ်းစားရန်အချက်အနေနဲ့ crypto လောက ကျယ်ပြန့်လာရန် အချိန်ယူရမှာပဲ ဖြစ်ပါတယ်။
Nasdaq company ဟာ cryptocurrency နဲ့စိမ်းတဲ့ companyတစ်ခုမဟုတ်ပဲ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီးဖြစ်ပါတယ်။tech investors တွေဖြစ်တဲ့ Winklevossအမွှာညီအစ်ကို ပိုင်ဆိုင်တဲ့ Gimini exchange ဟာ Nasdaq companyကို partnership ကြေညာခဲ့တာဖြစ်ပါတယ်။ထို့အပြင် Friedmanအနေဖြင့် သူမဟာ crypto လောကတွင် အငြင်းပွားဖွယ်ဖြစ်နေသော ICOများအား အာမခံချက်ရှိစေရန် အစုရှယ်ယာမျာူအနေဖြင့်ပြောင်းလဲလိုကြောင်း NBCသတင်းဌာနအားပြောကြားခဲ့ပါတယ်။
"ICOs များဟာ SECရဲ့ ပြောကြားချက်များအတိုင်း အာမခံများနှင့် ဥပဒေပြုရန်အမှန်တကယ်ပဲ လိုအပ်ပါတယ်။"
US Securities and Exchange Commission(SEC)ဟာ ယခုနှစ်အစောပိုင်းက cryptocurrency များနှငိ့ပတ်သက်ပြီး စူးစမ်းအဖြေရှာမှုများပြုလုပ်ခဲ့ပါတယ်။The SEC and the Commodity Futures Trading Commission(CFTC)ကလည်း cryptocurrencyနဲ့ပတ်သက်ပြီး ကြားနာမှုများကျင်းပခဲ့ပြီး ICO များအပေါ်တင်းကြပ်တဲ့ ဥပဒေများချမှတ်သွားရန်နှင့် cryptocurrency များနှင့်ပတ်သက်ပြီး
တိကျတဲ့မူဝါဒများ ချမှတ်သွားရန်ဟူသောအကြောင်းအရာများ ပါဝင်ခဲ့ပါတယ်။
#sayrchan
Img Ref: www.google.com