ဒူဘိုင်းနိုင်ငံသည် IBMနှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီများအားမှတ်ပုံတင်ရန် blockchainနည်းပညာကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ဤကဲ့သို့ဆောင်ရွက်ခြင်းမှာ ထိုလုပ်ငန်းစုများအား ၎င်းတို့နိုင်ငံ၏ စီရင်ပိုင်ခွင့်ဥပဒေအောက်တွင် လည်ပတ်စေရန်ဖြစ်တယ်လို့ဆိုပါတယ်။ဒူဘိုင်း၏ blockchainနည်းပညာသုံး စီးပွားရေးမှတ်ပုံတင်စနစ်အစီအစဉ်တွင် Smart Dubai နှင့် Dubai Silicon Oasis Authority(DSOA) တို့ပါဝင်နေတာတွေ့ရပါတယ်။ယင်းအဖွဲ့အစည်းများအတူတကွ ပူးပေါင်းပြီး Unified Commercial Registry(UCR)လို့အမည်ပေးထားတဲ့ project အတွက် လိုအပ်နေသော အချက်အလက်အင်္ဂါရပ်များကို ရှာဖွေလျက်ရှိပါတယ်။
ယခုမှတ်ပုံတင်ဟာ ကုမ္ပဏီရဲ့အချက်အလက်များကို သိမ်းဆည်းပေးမှာဖြစ်ပြီး ပြောင်းလဲမှုကွဲလွဲမှုများကို ခြေရာခံပေးမှာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲတွင်လည်း "ထိရောက်တဲ့လုပ်ငန်းစနစ်ဖွဲ့စည်းမှုများနဲ့ စီးပွားရေးလုပ်ငန်းများအားလည်ပတ်စေနိုင်မှာဖြစ်ပြီး tradingလိုင်စင်ရ digital exchangeများလည်းပေါ်ပေါက်လာမှာဖြစ်တယ်။ထို့အပြင် ဒူဘိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်များကိုလည်း တိကျသေချာလာစေမှာဖြစ်တယ်"ဟူ၍ရှငိးလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒူဘိုင်းရဲ့ "2020 Blockchain Strategy" ဟာ၂၀၁၆ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ဖြည်းဖြည်းမှန်မှန်တိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒူဘိုင်းအာဏာပိုင်များဟာ Emirate မြို့တော်အား နည်းပညာအချက်အခြာမြို့တော်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး ယင်းကဲ့သို့ဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။Department of Economic Development(DED)၏ ဒါရိုက်တာဖြစ်သူ Sami Al Qamzi က " "Blockchain Corporate Registory"စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများကို အထစ်အငေါ့အခက်အခဲမရှိဆောင်ရွက်လာနိုင်စေမယ်လို့ပြောထားပါတယ်။
IBMရဲ့ အရှေ့အလယ်ပိုင်းအထွေထွေမန်နေဂျာ Amr Refaat က သူ၏စိတ်အားထက်သန်ယုံကြည်နေမှုကို ယခုလိုမျှဝေသွားခဲ့ပါတယ်။"Dubai ဟာ များစွာသောအမျှော်အမြင်ကြီးမားတဲ့ projectsများကိုဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါဆန်းသစ်တီထွင်မှုများတွင် ရှေ့ဆောင်နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ဒါဟာလက်ရှိမှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ အမှန်တရားပဲဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
#sayrchan
Img Ref:www.google.com