တောင်ကိုရီးယားနိုင်ငံ၏နာမည်ကျော် Kakao talk ကုမ္ပဏီမှ blockchain နည်းပညာသုံး platform တစ်ခုဆောင်ရွက်ရန် အတည်ပြုပြောကြားခဲ့ပြီး ICO အနေနဲ့ ရောင်းချမယ်ဆိုတဲ့ ကောလဟလများကိုတော့ ငြင်းဆန်သွားခဲ့ပါတယ်။အဂါင်္နေ့ကပြုလုပ်ခဲ့တော့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးသော messenger application ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kakao talk မှ ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ blockchain နည်းပညာကို အသုံးပြုပြီးဆောင်ရွက်မယ့် platform တစ်ခုကို ယခုနှစ်နှောင်းပိုင်းတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ယခုဆောင်ရွက်မည့် platform အသစ်အား application developers များအတွက် foundation တစ်ခုအနေဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Yonhap ၏ထုတ်ပြန်မှုအရသိရပါတယ်။
Ground X လို့အမည်ပေးထားတဲ့ ယခု အစီအစဉ်ဟာ လက်ရှိKakao ကုမ္ပဏီ၏လုပ်ငန်းများကို အနာဂါတ်တွင်ထွက်ပေါ်လာမယ့် blockchainနည်းပညာများနဲ့ပေါင်းစပ်ရန် ရည်ရွယ်ခြင်းသာဖြစ်တယ်လို့
Kakao talk ရဲ့ co-CEO များဖြစ်တဲ့ Joh Su-Yong နဲ့ Yeo Min-Soo တို့မှပြောကြားခဲ့ပါတယ်။ထို့အပြင် Joh Su-Yong မှ
"ယခုလက်ရှိအသုံးပြုနေသည်မှာ Kakao version 3.0 အထိရောက်ရှိလာပြီဖြစ်သော်လည်း ကျွန်တော်တို့ဟာ Kakao ကုမ္ပဏီများရဲ့ ရေရှည်တိုးတက်မှုများကို ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် နှင့် လက်ရှိကမ္ဘာဈေးကွက်တွင်နောက်ကောက်ကျခြင်းမရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း ၎င်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့ပြီး ယခုလအစောပိုင်းတွင်ထွက်ပေါ်နေတဲ့ Blockchain Platform နဲ့ပါတ်သက်တဲ့ ကောလဟလများကို အတည်ပြုသွားခဲ့ပါတယ်။
အထက်ပါထုတ်ပြန်ချက်များကို ကိုးကားရေးသားထားတဲ့ ဆောင်းပါးတစ်ခုတွင် Kakao ကုမ္ပဏီအနေနဲ့ ၎င်းတို့၏ ကိုယ်ပိုင် Kakao coin ထုတ်လုပ်ရောင်းချမည် ဟူ၍ရေးသားဖော်ပြထားခဲ့ပါတယ်။ယင်းကောလဟလများနဲ့ စပ်လျဉ်းပြီးတော့ Joh Su-Yong မှ Kakao coinဟူ၍ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းငြင်းဆိုသွားခဲ့ပါတယ်။Kakao ကုမ္ပဏီဟာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် cryptocurrency exchangeဖြစ်တဲ့ Upbit exchange ဖွင့်လှစ်မှုတွင်ပါဝင်ခဲ့ပြီး ယင်း trading platform၏ messaging serviceကိုတာဝန်ယူဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။
#sayrchan
Img Ref :www.google.com