တရုတ်စမတ်ဖုန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ huaweiကုမ္ပဏီဟာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများကို မေလ(၁၁)ရက်နေ့မှစတင်၍ ၎င်းတို့၏မော်ဒယ်သစ်ဖုန်းများတွင် bitcoin wallet များ စတင်သုံးစွဲရယူနိုင်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။huaweiဟာ ၎င်းတို့၏ App Store ပေါ်တွင် bitcoin wallet application ကို လွှင့်တင်ခဲ့ပြီး ယခုထွက်ရှိလာသော မော်ဒယ်သစ်ဖုန်းများတွင် built in ပါဝင်ပြီးဖြစ်ကြောင်းကိုလည်း BTC.com ရဲ့ ဒုဥက္ကဌ Alejandro de la Torre ရဲ့ပြောကြားချက်များအရသိရပါတယ်။တရုတ်အစိုးရ၏မူဝါဒများအရ android ရဲ့ google play store နဲ့ appleရဲ့ app store အချို့မှာ cryptocurrency app များကို ကန့်သတ်မှုများရှိပါတယ်။ယခုကဲ့သိုပြုလုပ်လိုက်ခြင်းဖြင့် တရုတ်အာဏာပိုင်များမှ crypto exchange များနှင့် ICOများအားပိတ်ပင်ခြင်းပြုလုပ်သည့်တိုင် သုံးစွဲသူများအနေနဲ့ cryptocurrencyများအား လက်ဝယ်ထားရှိထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့ De la Torre မှ Bloomberg သတင်းဌာနအားပြောကြားခဲ့ပါတယ်။
မတ်လအတွင်းထုတ်ပြန်ချက်များတွင် huaweiမှ blockchain နည်းပညာသုံး decentralized application များအား သုံးစွဲနိုင်ရန်အတွက် စမတ်ဖုန်းများထုတ်လုပ်ရန် အစီအစဉ်များနဲ့ပတ်သက်ပြီးပြောကြားချက်များပါဝင်ခဲ့ပါတယ်။ပြီးခဲ့သော 2017ဘဏ္ဍာရေးနှစ်တွင် huaweiမှ ၎င်းတို့၏စမတ်ဖုန်းများကို 90.9mln တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။2018 first quarter တွင်လည်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက် 11.8 ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။
Huawei ကုမ္ပဏီဟာ smart contract များပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး BaaS လို့ခေါ်တဲ့ Blockchain-as-a-Service platform ကိုလည်း launch လုပ်ခဲ့ပါသေးတယ်။"လုပ်ငန်းရှင်များနှင့် developers များအတွက် မြင့်မားသောစွမ်းဆောင်မှု၊များစွာသော အသုံချနိုင်မှု၊မြင့်မားသော လုံခြုံမှုများပေးစွမ်းနိုင်သော blockchain technology platform service"လို့ဆိုထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ တရုတ်နိုင်ငံဟာ 2019တွင် blockchain စံနှုန်းများအား နိုင်ငံအနှံ့ဖြန့်ကျက်ရန် စီစဉ်နေကြောင်းလည်းသိရပါတယ်။
#sayrchan
Img Ref: www.google.com