စင်ကာပူအစိုးရမှ blockchain နည်းပညာ တိုးတက်မှုနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ငွေကြေးကဏ္ဍအားမြင့်တင်ရန် နည်းလမ်းရှာဖွေလျက်ရှိကြောင်း သိရပါတယ်။ပြီးခဲ့သော သောကြာနေ့ကပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် စင်ကာပူနိုင်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Heng Swee Keat မှ အစိုးရ၏ Blockchainနည်းပညာအသုံးပြု၍ ဒေသတွင်းငွေကြေး မြှင်တင်မှုလုပ်ငန်းများဆောင်ရွက်ရန် အစီအစဉ်များကို အသားပေးချပြပြောဆိုခဲ့ပါတယ်။
Heng Swee Keatမှ Fintechကဲ့သို့ ဒီဂျစ်တယ်နည်းပညာဆန်းသစ်မှုများကို ထောက်ပံ့အားပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။လက်ရှိအနေဖြင့် distributed ledger ပေါ်တွင် အခြေခံထားသော ငွေလွှဲပြောင်းမှုများဟာ ပိုမိုသက်သာ၍လုံခြုံမှုရှိကြောင်းထောက်ပြခဲ့ပါတယ်။ဒါကပဲ အာဆီယံနိုင်ငံများ၏ ငွေကြေးကဏ္ဍများကိုအဆင့်မြှင့်တင်နိုင်လာမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။Heng မှ blockchainနှင့်ပါတ်သက်သည့် ပဏာမခြေလှမ်းများကို မည်သို့မည်ဝါဟူ၍ အသေးစိတ်ပြောဆိုခဲ့ခြင်းမရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများ၏ သဘောထားများကို ၎င်း၏မှတ်ချက်တွင်တွေ့မြင်နိုင်ပါတယ်။
မတ်လနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံရှိ Infocomm Media Development Authority(IMDA)မှ blockchain platform တစ်ခုအားဆောင်ရွက်ရန် အစိုးရဘဏ္ဍာငွေမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါတယ်။
တစ်ချိန်တည်းမှာပဲ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှလည်း ဘဏ်လုပ်ငန်းစနစ်များတွင် blockchain နည်းပညာသုံး ငွေလွှဲစနစ်များဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင်လျက်ရှိပါတယ်။
မတ်လတွင်ပြောဆိုခဲ့သော မလေးရှားဗဟိုဘဏ်၏ ဒုဥက္ကဌ၏မိန့်ခွန်းတွင် မလေးရှားနိုင်ငံတွင်းရှိ ဘဏ်ကိုးခုမှ ဗဟိုဘဏ်နှင့်ပူးပေါင်ပြီး ငွေကြေးကုန်သွယ်မှုများတွင် blockchainနည်းပညာကိုအသုံးပြု၍ စတင်လည်ပတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။အလားတူပင် ထိုင်းနိုင်ငံ၏ Siam Commercial Bankမှလည်း ပြည်ပငွေလွှဲပြောင်းမှုများအတွက် Ripple ၏ networkကိုအသုံးပြု၍ တည်ဆောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
#sayrchan
Img Ref: www.google.com