သြစတြေးလျနိုင်ငံဟာ ၎င်းနိုင်ငံအတွင်းမှာရှိတဲ့ cryptocurrency exchange များအပေါ် စည်းမျဉ်းဥပဒေအသစ်များစတင်ချမှတ်ခဲ့တာဖြစ်ပါတယ်။သြစတြေးလျရှိ crypto exchanges များဟာ ယနေ့ဧပြီ(၃)ရက်နေ့မှစတင်ပြီး Anti-money laundering Rules(AML)လို့ခေါ်တဲ့ ငွေကြေးခဝါချမှုဆန့်ကျင်ခြင်းဆိုင်ရာ ဥပဒေများကို လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်များမှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ယင်းသတင်းထုတ်ပြန်ချက်ကို Australian Transaction Reports and Analysis Centre (AUSTRAC) ၏ website တွင် "Digital Currency Exchanges must now register with authorities,as well as commit to various reporting and identity checking procedures"ဟူ၍ရေးသားထားတာကိုတွေ့ရပါတယ်။
ထို့ကြောင့် crypto exchange များအနေနဲ့ တရားဝင်အသိအမှတ်ပြုလာရန်ရှိသော်လည်း ငွေကြေးခဝါချမှုများမဖြစ်ပေါ်စေရန် အမြဲစောင့်ကြည့်နေမည်ဖြစ်သလို အခွန်ကောက်ခံမှုများလည်း ပေါ်ထွက်လာဖို့အလားအလာရှိနေပါတယ်။ငွေကြေးခဝါချမှုများ အများဆုံးဆောင်ရွက်တဲ့ လက်နက်မှောင်ခိုများ၊မူးယစ်မှောင်ခိုများ စတဲ့တရားမဝင်ကုန်သွယ်မှုများအပေါ်ထိခိုက်မှုများဖြစ်ပေါ်နိုင်ပြီး crypto market အပေါ်ဘယ်၍ဘယ်မျှအကျိုးသက်ရောက်မှုရှိမလဲ စောင့်ကြည့်ရတော့မှာပါ။ထိုကဲ့သို့ စည်းမျဉ်းများချမှတ်ခြင်းကြောင့် အခြားနိုင်ငံများအနေနဲ့လည်း အနှေးနှင့်အမြန် crypto exchanges များအပေါ်စည်းမျဉ်းများချမှတ်လာကြဖို့အလားအလာရှိနေပါတယ်။၂၀၀၈ခုနှစ်ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကာလအတွင်း ငွေကြေးတန်ဖိုးများအပေါ်သံသယများဖြစ်ပေါ်ပြီး Bitcoin ပေါ်ထွန်းလာသော်လည်း ထိုစဉ်ကတရားမဝင်ငွေလွှဲပြောင်းမှုများ၊ငွေကြေးခဝါချမှုများတွင်အများဆုံးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
ငွေကြေးလိမ်လည်မှုများမြင့်တက်လာမှုအပေါ်မကျေနပ်မှုများနှင့်အတူ ပြီးခဲ့တဲ့အပါတ်က သြစတြေးလျအခွန်ဌာနအကြီးအကဲများဟာ crypto ရောင်းဝယ်မှုအကျိုးအမြတ်များမှ အခွန်ထမ်းငွေတိုးပွားလာစေရန် အသင့်တော်ဆုံးနည်းလမ်းအတွက်အဖြေရှာခဲ့ကြတာဖြစ်ပါတယ်။ယခုအခါမှာတော့ သြစတြေးလျ crypto exchange များဟာ အောက်ပါအခြေခံအချက်(၄)ချက်ကိုလိုက်နာပြီး လည်ပတ်ရတော့မှာဖြစ်ပါတယ်။
(၁) သက်သေခံစိစစ်ရန်၊ငွေကြေးခဝါချမှုနှင့် သောင်းကျန်းသူငွေကြေးထောက်ပံ့မှုများလျော့ကျစေရန်စီမံမှုများအတွက် AML/CTF ၏ ချမှတ်မှုများအတိုင်းလိုက်နာရန်။
(၂) Customerများ၏ သက်သေခံအချက်အလက်များကို စိစစ်အတည်ပြုရန်။
(၃) မသင်္ကာဖွယ်အချက်အလက်များနဲ့ $10000ထက်ပိုတဲ့ ငွေသားလွှဲပြောင်းမှုတိုင်းအတွက် AUSTRAC ထံအစီရင်ခံတင်ပြသွားရန်။
(၄) ထိုအချက်အလက်များအား (၇)နှစ်တိုင်အောင်ထိန်းသိမ်းထားရန်။
ယင်းကဲ့သို့ ဥပဒေများချမှတ်မှုသည် အကောင်းဖက်မှကြည့်လျှင် cryptocurrency များအပေါ် တရားဝင် အသိအမှတ်ပြုလာနိုင်ရန် အလားအလာကောင်းပြီး လက်ရှိဈေးကွက်မတည်ငြိမ်မှုများမှာလည်း နိုင်ငံအသီးသီး၏ regulation များ အတည်ပြုပြီးချိန် ခန့်မှန်း ဇွန် နှင့် ဇူလိုင်လနောက်ပိုင်းတွင် အဆုံးသတ်သွားနိုင်ကြောင်း ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်တစ်ချို့နဲ့တင်ပြလိုက်ရပါတယ်။
#sayrchan
Img Ref:www.cryptokarma.com