ဂျပန်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ SBI Holding company မှ ယခုနွေရာသီတွင် crypto exchangeဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဂျပန်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Business insider Japan ၏ ဧပြီ၂၇ရက်နေ့ကထုတ်ပြန်ချက်များအရသိရပါတယ်။SBI company ဥက္ကဌ Yoshitaka Kitao ၏ မကြာသေးမီက ကြေညာချက်အရ SBI virtual currencies exchange တွင် Bitcoin,Ethereum,Ripple,Bitcoin cashတို့ကို အရောင်းအဝယ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Yoshitaka ရဲ့ပြောဆိုချက်များအရ ၎င်းexchangeတွင် bitcoin cash(BCH)ကို အဓိကငွေကြေးအနေနဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။BTCရဲ့ထုတ်လုပ်မှု ခက်ခဲရှားပါးလာခြင်းဟာ ယင်းရဲ့ဈေးနှုန်းနှငိ့ငွေလွှဲခများမြင့်မားမှုများဖြစ်ပေါ်စေပြီး အဓိကငွေကြေးအဖြစ်အသုံးပြုရန်ခကိခဲကြောင်းပြောကြားခဲ့ပါတယ်။ထို့အပြင် ငွှေထုတ်လွှဲပြောငိးမှုများအတွက် မြန်ဆန်သက်သာစေသော ripple အား အသုံးပြုသွားမယ်ဟုသိရှိရပါတယ်။
Yoshitaka ဟာ exchange စတင်ဖွင့်လှစ်မည့်နေ့ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။သို့သော်လည်း ယင်းက exchangeဟာ မျက်တောင်တစ်မှိတ်အတွင်း နံပါတ်(၁)နေရာရောက်လာလိမ့်မည် ဟုပြောကြားထားတာဖြစ်ပါတယ်။SBI groupဟာ 2016 octoberလတုန်းက SBI virtual currencies နဲ့ပါတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပြီး 2017 Decemberလတွင် SBIမှ bitcoin trading platform တစ်ခုဖြစ်တဲ့ Huobi platform နှင့် partnerအဖြစ်ကြေညာခဲ့ပါတယ်။ထို့အပြင် ၎င်းတို့ရဲ့ ကိုယ်ပိုင်exchangeကို 2018ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဟု ပြောဆိုထားခဲ့တာဖြစ်ပါတယ်။
Marchလထဲတွင်တော့ SBI မှ လုံခြုံရေးမြှင့်တင်မှုများဆောင်ရွက်ရန်အတွက် exchange launching အား ရွှေ့ဆိုင်းထားကြောင်းပြောခဲ့ပါတယ်။Marchလထဲတွင် SBI holding comepanyမှ ထိုင်ဝမ် cryptocurrencies companyတစ်ခုဖြစ်တဲ့ Coolbitx wallet company ရှယ်ယာ၄၀ ရာခိုင်နှုနိးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။Coopbitx company ၏ အဓိကလုပ်ငန်းရပ်တစ်ခုမှာ CoolWallet ဖန်တီိးမှုဖြစ်ပြီး ယင်း wallet ဟာ အခြားbluetooth devies များနှင့် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။