intel ကုမ္ပဏီဟုပြောလိုက်လျှင် ကွန်ပြူတာ processor နဲ့ Graphic card ထုတ်လုပ်တဲ့ ထိပ်သီးကုမ္ပဏီတစ်ခုအဖြစ် သိရှိပြီးဖြစ်ပါလိမ့်မယ်။အထူးသဖြင့် Gamerများအကြိုက် Performace အမြင့်ဆုံး Graphic card များနဲ့လူသိများလာတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ထို့အပြင်၎င်းရဲ့ graphic card များဟာ crypto mining အတွက် hash rate အကောာင်းဆုံး ပေးစွမ်းနိုင်တဲ့အတွက် crypto miner များ အဝယ်များခဲ့ပြီး ၂၀၁၇ခုနှစ်တစ်ခုတည်းမှာပဲ graphic card ပေါင်း (၃)သန်းအထိ crypto mining အတွက်ရောင်းချခဲ့ရပါတယ်။တန်ဖိုးအနေနဲ့ ဒေါ်လာသန်းပေါင်း (၇၇၀)ကျော် ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ထို့ကြောင့် intelကုမ္ပဏီရဲ့ အောင်မြင်ခြင်းဟာ crypto mining လုပ်ငန်းများနဲ့လည်း စပ်ဆက်မှုရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
ယခုအခါနိုင်ငံတော်တော်များများမှာ လျှပ်စစ်သုံးစွဲမှုမြင့်သည်ဟူသော အကြောင်းပြချက်ဖြင့် crypto minig လုပ်ငန်းများအပေါ်ဖိအားပေးပိတ်ပင်လာမှုများရှိလာခဲ့ပါတယ်။ထို့အတွက် intel ဟာ ၎င်းကုမ္ပဏီထုတ် graphic card များရဲ့ လျှပ်စစ်စားသုံးမှုပမာဏကို လျှော့ချဖို့စီစဉ်လာတာဖြစ်ပါတယ်။ထို့အပြင် ၎င်းhardware များရဲ့ ပမာဏလည်း သေးငယ်သွားဖို့ရှိနိုင်ပါတယ်။"Hash တစ်ခုချင်းစီအတွက် Powerစားသုံးမှု အနည်းဆုံးဖြစ်စေပြီး၊ Watt တစ်ခုချင်းစီအတွက် Performance အကောင်းဆုံးပေးစွမ်းနိုင်ရမယ်။"လို့ပြောထားတာဖြစ်ပါတယ်။
Bitcoin mining လုပ်ခြင်းဟာ လျှပ်စစ်သုံးစွဲမှုမြင့်မားလွန်းပြီး အသံဆူညံလွန်းတာကြောင့် "environmental disaster"လို့တောင် အချို့က သမုတ်ကြတာဖြစ်ပါတယ်။
ယခုကဲ့သို့ လျှပ်စစ်သုံးစွဲရမှုများခြင်းကြောင့် လျှပ်စစ်သုံးစွဲမှုနဲ့ပါတ်သက်တဲ့ ကုန်ကျစရိတ်၊အခွန်အခတွေ များပြားလာရပါတယ်။နောက်ပိုင်းတွင် Bitcoin mining လုပ်ရန်အတွက် ကုန်ကျစရိတ်များဟာ ပြန်လည်ရရှိတဲ့ တန်ဖိုးထက်ကျော်လွန်လာပါတယ်။ယင်းကဲ့သို့ အချိုးရလဒ်မညီမျှခြင်းဟာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်ပြိုလဲမှုရဲ့ အဓိကအချက်တစ်ချက်ဖြစ်တယ်လို့ Fundstrat Global Advisor ရဲ့ Leader ဖြစ်သူ Thomas Lee မှ ထောက်ပြသွားခဲ့ပါတယ်။
#sayrchan
Img Ref: www.google.com