နားမယ်လို့ ကြံစည်ထားပေမယ့် လည်း အချိန်ကျလာ ပြန်တော့ ရေးချင်စိတ်က ထိန်းမရ ပါ။ ရေးချင် စိတ်ဆိုတာထက် စတင်းရဖို့ တစ်ရက် ပျက်သွားမှာ စတင်း မ စုမိတော့မှာကို ပိုမို ကြောက်မိတယ်လို့ ပွင့်ပွင့် လင်းလင်း ပဲ ဝန်ခံ ပါတယ်။ ခု ချိန်မှာက တစ်ခါမှ မရဘူး သလောက် ရနေတော့ မပျက်ချင်တဲ့ လောဘက ဦးဆောင်ပြီး အတင်း စေ့ဆော် နေပါတယ်။
တခြား စတင်း ရနိုင်တဲ့ လမ်းကြောင်း ဖြစ်တဲ့ NextColony မွန်းစတား ဆေးဝါး စတာတွေကို မျက်နှာ လွှဲ ခဲပစ် ထားချင် ထားနိုင်ပေမယ့် ပိုစ့်တင်တဲ့ အလုပ်ကို တော့ မပျက်စေချင်ပါ။ တကယ်တမ်း ပြောကြစတမ်း ဟေ့ ဆိုရင် စာရေး ပိုစ့်တင်တာက ပိုခက်ခဲပါတယ်။ ဒါတောင် ကျွန်တော်က စိတ်ကူးတည့်ရာ ရေးတဲ့သူပါ။
တခြား အလုပ်တွေ ကတော့ သိတဲ့ အတိုင်း ပါပဲ။ ဆုံးဖြတ်ချက် ချထားသည့် အတိုင်း သက်ဆိုင်ရာ ခလုတ်တွေ နှိပ်လိုက် ပြီးရင် ပြန်လှည့် ကြည့်စရာ မလို လှည့်ကြည့် လို့ လဲမရ ဆိုတော့ သူက နားအေး သင့် သလောက် နားအေးပါတယ်။
စာရေးတဲ့ ကိစ္စကတော့ နည်းနည်း ရှုပ်ထွေးပါတယ်။ သက်ဆိုင်ရာ ပုံတွေ သုံးရပါ့မယ်။ မူရင်း လင့်ခ် နဲ့လည်း ချိတ်ဆက်ပြ သင့်ရင် ပြရပါ့မယ်။ တက်ဂ် လည်း တွဲရ ပါ့မယ့်။ စာလုံးရေ ပြည့်အောင်လည်း ရေးရပါ့မယ့်။ ကိုယ်တိုင် ရေးလည်း ဖြစ်ရပါ့မယ်။ စသဖြင့်ပေါ့ဗျာ။ စတီးမစ်ကို ချစ်နေသ၍တော့ ဒါဟာ ဝဋ်ကြွေးလို့ သတ်မှတ်လို့ ဘယ်ရပါ့မလဲဗျာ။
Written by 
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=176