ဤ post ကို ဆရာ လုပ်လိုခြင်း မဟုတ်ဘဲ မြင်မိသော အမြင်တစ်ခုအား ရိုးသားစွာ တင်ပြခြင်းဖြစ်သည်။ ဤမှန်ကန်သော သစ္စာ ကြောင့် ကျွန်ုပ် ချစ်သော သူများ ယခင်က ထက် တိုးတက် ကြီးပွားပါစေသောဝ်။
ကျွန်တော် ဘာမှ မသိပါ။ သို့သော် တစ်ခုတော့ ကောင်းကောင်း သိပါသည်။ မည်သူမျှ တစ်ရာ ရာခိုင်နှုန်း ပြည့်စုံ မှန်ကန်နိုင်သည့် ဆုံးဖြတ်ချက်ကို ဆုံးဖြတ်နိုင်စွမ်း မရှိကြောင်း ဖြစ်ပါသည်။
သို့သော် အကောင်းဆုံး ဟူသော ဆုံးဖြတ်ချက်ကိုကား သုံးသပ်ဆင်ခြင် နိုင်သော လူသားများ ပီပီ အမှန်ကန်ဆုံး ဖြစ်အောင် ဆုံးဖြတ်နိုင်ကြပါသည်။ လူတစ်ဦး ခေါင်းတစ်လုံးနှင့် စဉ်းစား ဆုံးဖြတ်၍ မရလျှင် လူနှစ်ဦး ခေါင်းနှစ်လုံး၊ လူသုံးဦး ခေါင်သုံးလုံး စသဖြင့် အမျိုးမျိုး သုံးသပ် ဆင်ခြင် နေကြသော လူသားများပင် မဟုတ်ပါလား။
တစ်ဦး တင်ပြချက်ကို တစ်ဦးက ကောင်းကွက် ဆိုးကွက် ကို မြင်အောင် ကြည့်ရှု ကာ နှိုင်းယှဉ် တွေးတော ဆင်ခြင်ကြည့်စေချင်ပါသည်။ မိမိ ၏ ကောင်းကွက်များကိုသာ တွင်တွင် မပြောဆိုဘဲ တဘက်လူ၏ ကောင်းကွက် များနှင့် နှိုင်းယှဉ် ကာ စဉ်းစားပေးသင့်သည်ဟု ထင်ပါသည်။ ဆိုးကွက်များကိုလည်း ထိုနည်းတူ စဉ်းစားပြီး တိုင်ပင် ဆွေးနွေးကြည့်ပါက အဖြေ တစ်ခု ရှိပေမည်။
မိမိကသာ မှန်နေ၍ တခြားသူမှာ မမှန်နိုင်၊ ထိုသူ ပြောသမျှဟာ မကောင်းဟု ထင်နေမိပါက နှစ်ဦး နှစ်ဘက်မှာ နစ်နာမှုတွေရှိနိုင်ပါသည်။ နစ်နာမှုဆိုသည်မှာ ရှိပြီးသားကို လျော့သွားခြင်းဟု ဆိုလို ရုံသာမက ထပ်မံ တိုးပွားလာမည့် အရာများ ရပ်တန့်နေခြင်းသည်လည်း နစ်နာမှု ပင် ဖြစ်ပါသည်။ ကျွန်တော်ချစ်သော သူများကို ထိုကဲ့သို့သော နစ်နာမှုများ မကြုံစေချင်ပါ။ ဘေးလူ ဖြစ်သော ကျွန်တော်သည်ပင် ဤမျှလောက် ဖြစ်နေလျှင် ပါဝင် ပတ်သတ်နေသူများမှာ ဆိုဖွယ်ရာ ရှိမည် မထင်ပါ။
လောလောဆယ် မတူတာတွေ ခဏဘေးဖယ်ထား၍ တူတာတွေ အရင်လုပ်ထားလို့ရပါသည်။ ဤသို့ဆိုလျှင် နှစ်ဦး နှစ်ဘက် မပြေလည်စရာ မရှိပါ။ မည်သူပင် ဖြစ်စေ တစ်ဖက်သား၏ စကားဆိုလိုရင်းကို နားလည် သဘောပေါက်တာသည် ပညာ ဖြစ်ပါသည်။ အဆင်ပြေရန် ညှိနှိုင်းမှု ဆောင်ရွက်ရာတွင် ပညာ ချည်း ဦးစားပေး စဉ်းစား၍ မရပါ။ မေတ္တာ တရား ပါ ဘက်ညီအောင် ထည့်သွင်း စဉ်းစား ဆုံးဖြတ်ပေးမှသာ အဆင်ပြေသော ကောင်းမွန်သော ဆုံးဖြတ်ချက်ကို ရရှိနိုင်ပေမည်။ စည်းလုံးခြင်း၏ အင်အားကို မည်သည့် အရာက တုယှဉ်ကာ ပြိုင်နိုင်စွမ်း ရှိမည်နည်း။
စည်းလုံးခြင်း၏ အင်အားကို ရရှိရန် အနစ်နာခံ ပေးဆပ်သူများ မရှိပါက၊ နားလည်မှု စိတ်ရှည် သည်းခံမှု မပေးနိုင်ပါက မရရှိနိုင်သည်ကို အားလုံး သိပြီးသားဖြစ်မှာပါ။ အားလုံးပဲ အဖြေတစ်ခု အမြန်ရှာတွေ့ နိုင်ပါစေ ……
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play drugwars : https://staging.drugwars.io/#!/ref/@aggamun
To play steemmonsters : https://steemmonsters.com?ref=aggamun
To play Magicdice : https://magic-dice.com/?ref=aggamun
My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-12-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=6