တစ်နေ့ တစ်နေ့ ရေးလိုက်ရတဲ့ စာတွေများဗျာ။ Steemit ပေါ်မှာလေ။ ကျောင်းတက်တုန်းကသာ အခုလို ကြိုးစားခဲ့ရင် လိုင်းကောင်းကောင်း ရလောက်ပါတယ်။ ခုတော့ တစ်နေ့ တစ်နေ့ ရေးလိုက်တာ စာတွေရယ် ကောင်းတာ ရော မကောင်းတာ ရော ဖတ်ချင်စရာ မရှိတာ ရော စုံလို့။ တစ်စုံ တစ်ခုသော အကျိုးအမြတ် ကို မျှော်ကိုး ပြီးတော့လေ။
ကြိုးစားမှုက မလုံလောက်သေးဘူး ထင်ပါတယ်ဗျာ။ reward တွေက တိုးမလာဘဲ လျော့လျော့ လာတယ်လို့ ခံစားနေရတယ်။ ဒါတောင် လုပ်နိုင်သလောက် အကုန် လုပ်တာပဲလေ။ မလုံလောက်သေးမှန်း သိပါသော်လည်း အကျိုးအမြတ်က တက်ရိပ် မပြဘဲ ထိုးထိုး ကျသွားတော့ တစ်ခါတလေ စိတ်လေမိတာပေါ့ဗျာ။ အခြေခိုင် တဲ့သူက တော့ ပစ်တိုင်း ထောင်ပဲလေ။ ဘယ်လို အခြေအနေမျိုးမှာ မဆို နေရာ တစ်ခု ရယူနိုင်စွမ်း ရှိတာဟာ ဝမ်းစာ ပြည့်နေသူပဲ လေ။ ဘာ ဝမ်းစာမှ မရှိရင်တော့ ရှိလာအောင် လုံလောက်တဲ့ အချိန်အတိုင်းအတာ တော့ယူရမှာပေါ့။
ဘာ ဝမ်းစာမှ မရှိဘဲ ဒီလောက် ရောက်နေတာကလည်း community က မိတ်ဆွေ တို့ရဲ့ အားနဲ့သာ မို့လေ။ ကိုယ်ဘာသာ ကိုယ် တစ်ကောင်တည်း လိမ့်နေရင်တော့ ခုချိန် ဒီနေရာမှာ မရှိနိုင်ဘူး ဆိုတာ မျက်လုံးမှိတ်ပြီး မြေကြီးကို လက်နဲ့ ပုတ်ရင်တောင် လွဲချင် လွဲသွားနိုင်ပါတယ်။ ဘာရေး ရေး ဗုတ် ပေးတဲ့ မိတ်ဆွေများ ရှိလို့လည်း ရေးနိုင်တာ ရေးဝံ့တာ။
နောက်ပိုင်း စတီးမစ်ကြီး ခိုင်မာလာတဲ့ တစ်နေ့ တော့ မိတ်ဆွေ တို့အတွက် အကျိုးရှိမဲ့ စာမျိုးသာ ရေးဖို့ အခုထဲက စဉ်းစား ထားပြီးသားပါ။ ဝမ်းစာ ပြည့်အောင်လည်း ကြိုးစားပြီး ဖြည့်နေရပါတယ်။ ယခုတော့ ဟိုမရောက် ဒီမရောက် စာလေးတွေသာ ရေးရင်း စတီးမစ်ကြီး ခိုင်မာလာတဲ့ အချိန်မှာ တည်ငြိမ်တဲ့ နေရာ တစ်ခု ရရှိအောင် ကြိုးစားနေရင်း ………
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play steemmonsters : https://steemmonsters.com?ref=aggamun
Using share2steem.io : https://share2steem.io/?ref=aggamun
My bounty post for this week : https://steemit.com/community/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-20-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=155