ဒီတစ်ခါထွန်းတောက်တို့ စီးသောလေယာဉ်က အနည်းငယ်သေးသည်၊ ပထမစီးသောလေယာဉ်မှာ လူ ၃၀၀ ခန့်ဆန့်၍ ယခုစီးသောလေယာဉ်မှာ လူ ၁၀၀ ခန့်သာဆန့်မည်ထင်သည်၊ သို့သော်လူသိပ်မပါပေ လေယာဉ်ထွက်ပြီး နာရီဝက်ခန့်အကြာတွင် BRAKEFAST ကျွေးလေရာ ထွန်းတောက်တို့လည်း ဗိုက်ဆာဆာနှင့် စားလိုက်ကြသည်။၁ နာရီခွဲ ခန့်အကြာတွင် အဘူဒါဘီ လေဆိပ်သို့ ရောက်ရှိလေသည်။
အဘူဒါဘီလေဆိပ်မှာတော့ ထွန်းတောက်တို့ အလုပ်လုပ်မည့်ဟိုတယ်မှ လာရောက်ကြိုဆိုလေသည်။ လေဆိပ်နှင့် ထွန်းတောက်တို့အားထားမည် အဆောင်သည် ၁၅ မိနစ်ခန့်သာ ကားမောင်းရသည်။
ထွန်းတောက်တို့အား အခန်းတစ်ခုတည်း အတူတူထားကာ ရောက်ရှိသောနေ့အဖို့ နားစေသည်။ ထွန်ူတောက်တို့နေသော အဆောက်အဦးမှာ အပြင်မှကြည့်လျှင် ဟောင်းနွှမ်းပြီဟု ထင်ရသော်လည်း အတွင်းပိုင်း၌မူ အသစ်အတိုင်းပင်။ နောက်နေ့တွင်ဟိုတယ်မှ လာရောက်ခေါ်ယူကာ UNIFORM တိုင်းခြင်း၊ လှည့်လည်မိတ်ဆက်ခြင်းများပြုလုပ်ကြသည်။
အလုပ်လုပ်သောဟိုတယ်သို့ ကားဖြင့်သွားရမည်ဟုထင်သော်လည်း ၅မိနစ်ခန့်သာလမ်းလျှေက်ရဇသည်၊ ဟိုတယ်နှင့် ACCOMODATION မှာ ကပ်ရပ်ဖြစ်သောကြောင့်ပင်။အလုပ်ချိန်မှာ မနက် ၈နာရီမှ ညနေ ၅ နာရီ ဖြစ်ကာ ၎င်း တို့ပေးသောအလုပ် (TASK) ကိုပြီးအောင်လုပ်ရသည်။မပြီးလျှင် ပြန်ခွင့်မရှိ။
ထွန်းတောက်တို့မှာ အလုပ်လုပ်ကိုင်မှု့အပိုင်း၌ အခက်အခဲ မရှိသော်လည်း စကားပြောအပိုင်း၌လွန်စွာ အခက်အခဲ တွေ့ကြသည်။ သူတို့ပြောသောစကားကို နားလည်ကာ မည်သို့ပြန်ပြောရမည်ကိုလည်း သိပေမဲ့ မိမိတို့၏ ပါးစပ်မှ စကားသံက ထွက်မလာပေ။ ထွန်းတောက်တို့ အားလုံးလိုလိုပင်။အသံထွက်ပိုင်းဆိုင်ရာတွင်လည်း ကွဲလွဲမှု့များတွေ့ရကာ၊ ထွန်းတောက်တို့ပြောသောစကားကို
တခြားဝန်ထမ်းများနားမလည်ကြ၊ သို့သော် ဟိုတယ်တွင်လာရောက်တည်းခိုသော ဧည့်သည်များကမူ နားလည်ကြသည်။
ထို့ကြောင့်ထွန်းတောက်တို့ အားလုံးစကားပြောကို ကြိုးစားပြင်ကြရလေတော့သည်။