Token ဝယ်စုကြမလား
ခုတစ်လော အထက်က ဆရာ တွေ Token Token ဆိုတာနဲ့ ကျွန်တော်လည်း တုံကင် လေးတွေ ဟိုဟာ နည်းနည်း ဒီဟာ နည်းနည်း ဝယ်စုထားခဲ့တယ်ဗျာ။
Token တွေ ဈေးကျတဲ့အချိန် ဝယ်စုပြီး ဈေးတက်မှ ပြန်ရောင်းရတာ တော်တော် အဆင်ပြေတယ်လို့တော့ ကျွန်တော် ထင်တယ်ဗျ။
ကျွန်တော် အရင်ရက်တွေက ရဲ့ Post မှာ Leo Token အကြောင်းလေးဖတ်ပြီး
အဲ့တုံကင်လေးတွေ 30 steem ဖိုးလောက် ဝယ်စုထားလိုက်တယ်။ နောက်ပို်င်း ဈေးလေးတက်လာတာနဲ့ မကြာပါဘူး ၃ ၄ ရက်လောက်ရှိတော့ ပြန်ရောင်းလိုက်တယ်။
30 steem ဖိုး ဝယ်လိုက်တာ ပြန်ရောင်းတော့ 45 steem ကျော်လောက် ရလိုက်တယ်လေ။
စာရေးနေရတာလည်း ခုတစ်လော ဈေးကျနေတာနဲ့ steem အရနည်းနေတာဆိုတော့ ဒီ Token လေးတွေ ဝယ်လိုက် ဈေးရတဲ့ အချိန်လေးစောင့်ပြီး ရောင်းလိုက်ဆို ပို အဆင်ပြေတာပေါ့ဗျာ နော့။
တစ်ခုတော့ ရှိတာပေါ့ဗျာ ကိုယ်ဝယ်တဲ့ Token က လူသုံးတာ များမဲ့ ကြိုက်တဲ့ Token လေးတော့ ဖြစ်ရမှာပေါ့နော့။
တစ်ကယ်တော့ ကိုယ်လည်း ဘာမှသိတာ မဟုတ်ဘူးရယ်။
သူများတွေ Token Token ဆိုလို့သာ Token နေရတာ ကိုယ်ကတော့ Token လေးတွေ ဝယ်လိုက် ပြန်ရောင်းလိုက်နဲ့ ဗျာ။
ကျွန်တော်လည်း အကောင့်ထဲမှာ ရှိတဲ့ Steem လေးတွေ ကုန်သွားမှ ဝယ်တာရပ်ပြီး ဈေးတက်တာလေးတွေ ထိုင်စောင့်နေရတော့တယ်ဗျာ။
ကျွန့်တော့် မိတ်ဆွေ တို့ကရော Token တွေ ဝယ်နေကြသလား ?
ဝယ်ပြီးရင်ကော Tokenတွေကို ဘာလုပ်ကြသလဲ ခင်ဗျာ။
မိုင်းတူးတယ် ဆိုတာတွေလည်း မတူးတပ်လို သင်ပေးကြပါအုံးလို့ 😄😄။
Posted from my blog with SteemPress : http://steemhosting.com/lwanwai/?p=9