Bitcoin အလားအလာ
×××××××××××××
Bitcoin ဆိုတာဘာလဲ ဘယ်လဲ Post တွေစုံနေအောင် တွေ့ပြီးပီဆိုတော့ နောက်တစ်ချိန် bitcoin ဟာဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲ နည်းနည်းလောက် ဖောကြည့်ရအောင် ပထမဦးဆုံး 2018 မရောက်ခင် ဒီနှစ် 2017 မှာ bitcoin ဆိုတာ ထိပ်တန်း အရမ်း hot ဖြစ်တဲ့နည်းပညာ ဆိုင်ရာတွေထဲကတစ်ခု ဖြစ်လာခဲ့ပီ။ 2017 အစောပိုင်းမှာ bitcoin တန်ဖိုး 1000$ ရှိရာကနေ နှစ်မကူးခင် ယနေ့ပေါက်ဈေး 15000$ ထိတက်နေတာဟာ အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ အနည်းငယ်ဈေးကျသွားတဲ့ အနေအထားမှာတောင် 15000$ထိ ပေါက်ဈေးရှိနေတုန်းပါ။ ဟုတ်ပါတယ် နှစ်ကူးခါနီးဆို bitcoin ဈေးဟာ ကျတတ်လေးရှိပါတယ် ဒီရက်ပိုင်းအတွင်း 19000$ ကနေ 11000$ လောက်ထိ ကျသွားခဲ့တဲ့ အနေအထားရှိခဲ့ပါတယ်။ ဒီငွေကြေး နဲ့ပတ်သက်လို့ ပညာရှင်တွေက ပေါက်ကွဲသွားနိုင်ကြောင်း သုံးသတ်ခဲ့ကြပေမယ့် ယခုချိန်ထိ တက်မြဲတက်ဆဲပါပဲ။
Bitcoin သမိုင်းနောက်ကြောင်းလိုက်ကြည့်ရအောင်။..ဒီ Digital Currency ကို 2009 ခုနှစ် ဆာတိုရှီ နာကိုမိုတို ဆိုတဲ့ ပုဂ္ဂိုလ်က ဖန်တီးခဲ့တယ်လို့တော့ ပြောတာပဲ။ bitcoin ကို 0.003$ လောက်နဲ့ စဖွင့်ခဲ့တယ်ပေါ့။ ဒါက အစဆိုတော့ ဒီလောက်ပဲ ရှိဦးမယ်ပေါ့။ တဖြည်းဖြည်းနဲ့ bitcoin စပေါ်လာတာ 2010, 2011,12, 2103 နှစ်စလောက်မှာ Bitcoin တစ်ခုကို 13$ ပေါက်ဈေးရှိခဲ့တယ်။ အဲ့လိုနဲ့ Bitcoin ဆိုတာကိုလူသုံးများလာပြီး 2013 အတွင်းမှာ btc ဈေးဟာ အတက်ဆုံးကာလလို့ ပြောရမှာပဲ။ 2013 နှစ်ကုန်မှာ 900$ 1000$ ထိတက်ခဲ့တယ်။ အဲ့ဒီအချိန်မှာ bitcoin ကလည်း ပြောစမှတ်ပြုစရာတစ်ခု ဖြစ်နေပါပီ။ ကျွန်တော် bitcoin ကို 2014 မှာ စသိခဲ့ပါတယ်။ အဲ့တူန်းက btc တသ်ခုကို ဒေါ်လာ 300 ကျော်လောက် ပေါက်ဈေးရှိတာပေါ့။ 2013 မှာ bitcoin ဟာ အများဆုံးတက်ပြီး 2014 ,2015 မှာ ဒေါ်လာ 200 ကျော်လောက်အထိ ကျသွားခဲ့ပါတယ်။ 2016 အတွင်းမှာ တဖြည်းဖြည်းနဲ့တက်လာပါတယ် ဒါတောင် 2016 နှစ်လလောက်မှာမှ 500$ အထိပဲ တရွေ့ရွေ့တက်ခဲ့တာပါ။ 2016 အကုန်မှာတော့ 1000$ အထိတက်ခဲ့ပီးယခု 2017 မှာတော့ ပြောစမှတ်ပြုစရာ တစ်ခုအဖြစ် bitcoin တစ်ခုရဲ့ တန်ဖိုးဟာ 19000$ ထိတက်ခဲ့တာဖြစ်ပါတယ်။ bitcoin စပေါ်ပြီး 2010 ခုနှစ် ကျွန်တော်တို့သာ ဒေါ်လာတစ်ရာလောက် ရင်းနှီးခဲ့မယ်ဆို ယခု 2017 အကုန်မှာတော့ ဘောစိဖြသ်နေပါပြီ 😂😂 ။
လာမယ့် 2018 မှာတော့ bitcoin ဟာဘိုဖြဟ်လာမလဲဆိုတော့...ပညာရှင် တော်တော်များကတော့ ဈေးဆက်တက်မယ်လို့ ခန့်မှန်းကြပါတယ်။ ခါတိုင်းနှစ်တွေလိုပဲ bitcoin ကတော့ နှစ်စမှာ ဈေးအနယ်ငယ်လောက် ကျနိုင်ပီး။ တချို့ဆရာကြီးတွေ ပြောကြာကတော့...bitcoin တစ်ခုကို ဒေါ်လာ ၄သောင်း( မြန်မာငွေနဲ့ဆို သိန်း၅ရာကျော်) ထိပေါက်ဈေးရှိမယ်လို့ ပြောကြပါတယ်။ ဈေးအတက်အကျ အရမ်းကြမ်းတာကြောင့် btc ကို အိမ်ရောင်း ခြံရောင်းပြီးတော့ မကိုင်ကြပါနဲ့လို့တော့ သတိပေးကြပါတယ်။ တချို့တွေပြောကြတာကတော့ ဒီငွေကြေးက ပူစီပေါင်းလိုပဲတဲ့ တချိန်ချိန်မှာ ပေါက်ကွဲနိုင်ပါတယ်လို့ပြောကြပါတယ်။ ပြောရရင်တော့ ဘယ် currency မဆို crash ဖြစ်နိုင်ပါတယ်။ us dollar လည်း crash ဖြစ်နိုင်တယ်။ မြန်မာကျပ်mmk တောင်crash ဖြစ်နိုင်တယ်။ ဘာအာမခံချက်မှ မရှိတဲ့ ဒီ btc ကရော ဘာလို့ crash မဖြစ်နိုင်ရမှာလဲ။...ငွေကြေးတစ်ခုက million billion နဲ့ချီပြီး မတန်နိုင်ပါဘူး။ bitcoin ဖန်တီးခဲ့တဲ့ ဆာတိုရှီ နာကိုမိုတိုကလည်း ဘယ်ရောက်လို့ ဘယ်ပေါက်လည်းမသိ။ ဘာအကွက်တွေထွင်နေလဲမသိ။ ပြောကြတာကတော့ ဆာတိုရှိ မှာ bitcoin 1 သန်းရှိတယ်ဆိုလားပြောကြတာပဲ။ အဲ့ဘဲကြီးကလည်း ပေါ်တောင်ပေါ်မလာတော့ဘူး ။ ဘယ်လိုပဲဖြစ်ပါစေ ယခုအချိန်ထိ 2018 မှာ btc ရဲ့တန်ဖိုးဟာ ဆက်တက်မယ်လို့ပြောကြတာပါပဲ။ ဟိုဘဲကြီးပေါ်မလာပါစေနက်လို့ btc ကိုင်ထားသူတွေ ဆုတောင်းကြပါလို့။ ကဲပြောချင်တာကတော့ Bitcoin ရဲ့အလားအလာ ကတော့ ဈေးတွေ ဆက်တက်နိုင်ပြီးတော့ market crash ဆိုတဲ့ အခြေအနေ ကြီးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်လို့ 😂😂😂