အားလုံးပဲ မင်္ဂလာပါဗျ၊။ရေးစယာလဲ စဉ်းစားမရတာလို့  Btc နဲ့  OnlineCurrencies
တွေအကြောင်း သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေနဲ့  အမြဲတမ်းငြင်းနေရတာလေး
ကို Boost လုပ်ဖို့ အတွက်ရေးတင်လိုက်ပါတယ်။
မမြင်ချင်ယောင်ဆောင်၍ ကျော်သွားကြစေသတည်းးးးးးးးးးးးးးးးးး😂😂🙏
လူတွေကလဲတော်တော်ခက်သားဗျ။တခါလောက် သူများဆုံးရှုံးတာမြင်ဖူးတာနဲ့ 
ကျန်တဲ့အလုပ်တွေကိုပါ ရစယာမရှိအောင် ဝါးလုံးသိမ်းပတ်ရမ်းကြတာ။မြန်မာနိုင်
ငံကို Btc စတင်ထိုးဖောက်ခဲ့တာ MMM Global ကစတင်ခဲ့တာလို့ အများအားဖြင့်
သတ်မှတ်လို့ ရပါတယ်။တခြားonline currency တွေကတော့ paypal နဲ့  PM ပဲ
သုံးကြတာများပါတယ်။MMM Global မှာတော်တော်များများဆုံးရှုံးခဲ့ကြသလို
ကျနော်လဲ ဆုံးရှုံးခဲ့ပါတယ်။ဘာလို့ ဆုံးရှုံးခဲ့လဲဆိုတော့ အမြတ်နဲ့ မထွက်ခဲ့လို့ 
ဆုံးရှုံးခဲ့ရတာပါ။ တချို့ လဲပျက်ခါနီးမှဝင်လာပြီး ဘာမှန်းတောင်မသိလိုက်ပဲ ဆုံး
ရှုံးသွားကြတာပါ။ဒါကို သူများတွေမြင်နေသလို Online ဆိုတာအလိမ်အညာတွေ
ပဲဆိုပြီး နောက်ဆုတ်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ ဒီစာကိုရေးဖြစ်မယ်မထင်တော့ပါဘူး။
ဘာကြောင့်ဆုံးရှုံးတာလဲ? အဖြေကိုလိုက်ရှာတယ်။Online currencies တွေရဲ့ အ
ကြောင်းတွေလေ့လာတယ်။MMM Global ပြိုကွဲသွားခဲ့ပေမယ့်၊ Btc/eth တို့ ဟာ
အနာဂတ်ရဲ့ အရေးပါတဲ့ Future Payment တွေဖြစ်လာမယ်ဆိုတာသိလာပါတယ်။
လုံးဝပျက်စီးပျောက်ပျက်မသွားနိုင်သလို ဈေးနှုန်းကိုလဲ ထိန်းချုပ်လို့မရ ပါဘူး။
ဒါကြောင့်မို့ လဲ Bitcoin ကိုနိုင်ငံအများစုက တရားဝင်အဖြစ်သတ်မှတ် သတ်မှတ်
မပေးကြတာပါ၊ တရားဝင်အဖြစ်သတ်မှတ်ပေးခဲ့မယ်ဆိုရင် Bitcoin တန်ဖိုးအဆ
မတန်မြင့်တက်မှာဖြစ်ပြီး နိုင်ငံ့ငွေကြေးတန်ဖိုးတွေကျဆင်းလာမှာပါ။ဒါကြောင့်ပဲ
Satoshi Nakamoto ဟာ ခြေရာဖျောက်သွားခဲ့တာလို့ ထင်မိပါတယ်။အခုလဲ ICO
တွေအပြိုင်အဆိုင်လုပ်ပြီး Coin အသစ်တွေအပြိုင်အဆိုင်ထုတ် နေကြတာဟာ
သူ့ project နဲ့ သူရှိပေမယ့်တချို့ လဲအတုအယောင်တွေပါ။တကယ့်ကို Online
payment App တွေရေးဆွဲကြမယ့်ICO တွေလဲအကောင်အထည်ဖော်နေကြဆဲပါ။
Btcဈေးပြန်ထိုးကျသွားခဲ့ရတာဟာလဲ ICO တွေကြောင့်ပါပဲ။ICO တွေစလုပ်တဲ့
အချိန်မှာအားလုံးဟာ BTC နဲ့  eth ကိုအရေးတကြီးလိုအပ်ခဲ့ကြတဲ့အတွက် BTC
ဈေးအဆမတန်မြင့်တက်ခဲ့ရတာဖြစ်ပြီး ICO တွေအဝယ်နဲသွားတဲ့အချိန်မှာ BTC
ဈေးပြန်ထိုးကျခဲ့ရတဲ့သဘောပါ။လေထဲက ငွေတွေကိုယုံကြည်တဲ့ကျနော်ဟာ
ဘာပဲငြင်းငြင်း အရှုံးပေးလိုက်တာပဲများပါတယ်။မယုံကြည်တဲ့သူတွေဟာ ဘယ်
လိုမှရှင်းပြလို့မရသလို ကိုယ်တိုင်လဲလေ့လာကြဖို့ အားမထုတ်ကြလို့ ပါ။
ကျနော်အခု လုပ်နေတဲ့ STEEMIT နဲ့  Cryptocurrencies Trading ဆိုတာလဲ
Multi Level Marketing တွေလိုနောက်က လူဘယ်နှစ်ယောက်ကိုခေါ်နိုင်ရင်
ဘယ်လောက်ရမယ်ဆိုတာ မရှိတဲ့ အတွက်မငြင်းတော့တာပါ။
😊အနာဂတ်မှာအသုံးပြုမယ့်ငွေကြေးဟာ အပြင်ပိုက်ဆံတွေလို မစုတ်ပြဲနိုင်
မပျက်စီးနိုင် အလွယ်တကူခိုးယူလို့လဲမရနိုင်ဘူး
ဆိုတာသိလာတဲ့အခါသူတို့တွေစိတ်ဝင်စားလာကြပါလိမ့်မယ်။
🤔ဘဏ်တွေမှာတန်းစီစောင့်နေစယာမလိုပဲ အိမ်ထဲကနေငွေကြေးလွှဲပြောင်း
လို့ရတယ်ဆိုတာ သိလာတဲ့အခါစိတ်ဝင်စားလာကြပါလိမ့်မယ်။
💪ကိုယ့်ရဲ့ငွေဟာ ဘယ်နိုင်ငံကိုရောက်ရောက် တခြားငွေကြေးတခုကို
အလွယ်တကူ လှဲ လှယ်လို့ ရတယ်ဆိုတာ သိလာကြတဲ့အခါမှ
လက်ခံယုံကြည်ကြပါစေတော့။
BTC နဲ့ ပတ်သက်ပြီးငြင်းနေရသမျှ တခြား ရေးစယာစဉ်းစားမရတဲ့အတွက်
ရေးထားခဲ့ပါတယ်။ မတည့် တဲ့သူများမမြင်ပါစေနဲ့ ။ ။😂😂