🔴 ကိုယ်ကြိုက်တာ ယူစားရပြီး
၁၉၀၀ ကျပ်ဘဲ ကုန်မယ့် #ဖက်ထမင်းဝိုင်း 😋
........................................
တကယ်ကြီးလားလို့ မေးရင်
ဟုတ်ကဲ့! တကယ်ဘဲ ၁၉၀၀ ကျပ်နဲ့ နေ့ လည်စာ ထမင်းဝိုင်းလေး စားလို့ ရပါတယ် ။။။
စားတတ်မယ်ဆိုရင် ၁၂၀၀ ကျပ်နဲ့ တောင် ရပါတယ် 😁။။
ကိုယ်ကြိုက်နှစ်သက်ရာ အရသာတစ်ခုခု ရောနယ်ထားတဲ့ဖက်ထမင်းလေးရယ် တွဲဖက်စားဖို့ ပါ စီစဉ်ထားပေးပါတယ် ။
( ဥပမာ ။
ချဉ်ပေါင် ထမင်းနယ်ဆိုရင်
ချဉ်ပေါင်အနှစ်တွေ ရောနယ်ထားတဲ့အပြင် ၊ သူနဲ့ လိုက်ဖက်တာလေး မုန်လာဥနီ ၊ သခွားသီး ၊ ဆလပ်ရွက် စသဖြင့် ထည့်ပေးထားပါတယ် )
..
သူ့ ချည်းစားတယ်ဆိုရင်
စားရတာ အဆင်မပြေမှာစိုးရိမ်လို့  ၁၉၀၀ တန် လောက်တော့ အညွန်းပေးလိုက်ပါတယ် ။။
🔺အရသာတစ်ခု ရောနယ်ထားတဲ့ ဖက်ထမင်း - ၁၂၀၀ ကျပ် 🔺 ဖက်ထမင်း + ဟင်းရွက်တစ်ပွဲ + အစပ်/အတို့  - ၁၉၀၀ ကျပ် ကို
ကိုယ်ကြိုက်နှစ်သက်ရာလေးတွေ နဲ့  တွဲစားလို့ ရပါတယ် ။။
( + ဟင်းပွဲထပ်ပိုယူရင် အဲဒီထက်တော့ ပိုကုန်မှာပေါ့နော် ။။ )
..
♦️ဆိုင်ရောက်ရင် စားဖို့ လိုက်ဖက်မယ် ထင်တာလေးကို
တစ်ပုံခြင်းစီမှာ Recommend ပေးထားပါတယ်နော်
#ဒီဆိုင်လေးက ရိုးရာအစားအစာကို ဦးစားပေးထားပြီး
ကိုယ့်အိမ်မှာ ချက်ထားတဲ့ အိမ်ထမင်း အိမ်ဟင်းစားရသလို
ခံစားမူ့ လေး ပေးဖို့ အဓိက ရည်ရွယ်ထားပါတယ် ။။
- ငှက်ပြောဖက်လေးတွေကတော့ ဒီဆိုင်ရဲ့  Traditional မို့  ဟင်းပွဲတိုင်းနီးပါးမှာ တွေ့ ရပါလိမ့်မယ် နော် **
..
ဆိုင်မှာ အပေါ်ထပ် / အောက်ထပ်ရှိပြီး
private ပုံစံလေး စားချင်ရင်တော့ အပေါ်ထပ်လေး အေးဆေးတယ် ။
အပေါ်ထပ် အပြင်ဘက် ၀ရံတာလေး ရှိတယ် နော် 😍
💥 ဆိုင်နာမည်က - ' မြို့မေတ္တာ Traditional Cuisine '
လိပ်စာက - No. 1027, သုမင်္ဂလာလမ်းမပေါ် ၊
သင်္ဃန်းကျွန်းမြို့ နယ်ထဲမှာရှိတယ်
( ရတနာလမ်းနဲ့  သုမင်္ဂလာလမ်း မီးပွိုင်နဲ့ နီးတယ် )
လမ်းရှာလို့ မတွေ့ ရင် - ဆိုင်ဖုန်းနံပတ် 09963606100 ကို ဆက်ပေးနော်
အရသာရှိရှိ စားနိုင်ကြပါစေ နော် 😘