Rap Rap
Hiphop ကို ရင်ခုန်စွာငါဆိုမယ်
Hiphop ဆို ရူးသွပ်တာဘာဖြစ်လဲ
Hiphop မှာ လူငယ်တွေစုံနေတယ်
Hiphop နဲ့ အသက်ဆက်
ရှေ့ဆက်သွား ဟိုမှာ တောက်ပတဲ့နေ့ရက်များ
ခေါင်းတွေကိုငြိမ့်နေပြီ ကမောက်ကမနဲ့သီချင်းတွေကို မေ့ဖြတ်ထား
ဒါကလူငယ်တွေကြိုက်တဲ့သံစဉ် မင်းတို့တွေမကျေနပ်ရင် ရိုက်မယ့်ဟန်ပြင် လာစမ်းပါ
Hiphop ရဲ့ လမ်းတွေကကြမ်းနေတာ ဒါဆန်းသလား
မင်းတို့ရဲ့ဂစ်တာသံတွေပျောက်သွားလဲ ငါမလွမ်းပါ
ရှေ့ဆက်ကာလျှောက်လှမ်းမယ်ဘ၀လမ်းမှာ ထစမ်းပါ နုမနေနဲ့
မင်းတို့ရဲ့အတုတွေနဲ့ရူးမနေနဲ့
မလိုက်ချင်ရင်အခုနေခဲ့ နေရာလာပြီးလုမနေနဲ့
Hiphop ကိုနာမည်ဖျက်ရင် စောက်ခွက်ကိုရိုက်ပလိုက်မယ်
Hiphop ကို ရင်ခုန်စွာငါဆိုမယ်
Hiphop ဆို ရူးသွပ်တာဘာဖြစ်လဲ
Hiphop မှာ လူငယ်တွေစုံနေတယ်
Hiphop နဲ့ အသက်ဆက်
ငါမလုပ်လို့ အဝေးမှာထားတဲ့အတွေးတွေကို မင်းနှလုံးသွေးပျော်မွေ့နေရင်
မင်းစိတ်တွေကို ဒီလောက်နဲ့ အရှုံးပေးချော်တွေးနေရင်
ဒီသီချင်းနားထောင် မင်းသိစေဖို့
ငါ့အရှေ့က အရှုံးပေးလိုက်တဲ့ မနာလိုတဲ့မင်း သီချင်းရှိစေဖို့
Hiphop ကမင်းညိနေဖို့ သိပ်မလွယ်ဘူး
မင်းတို့လိုကွယ်ရာတွေမှာ ပါးစပ်ပေါက်တွေကို သိပ်မရယ်ဘူး မစော်ကားနဲ့
Hiphop ကို ဒီမှာလူငယ်တွေအကုန်လုံးမြူးနေတာ
Hiphop ဆို ငါတို့ရဲ့ဝိဥာဉ်တွေကို မြုပ်နှံထားတာ
Hiphop မှာ မင်းငါ့ကိုကြိုက်သလိုပြောကွာ
Hiphop ကိုလိုက်ဆိုတတ်မယ် ထင်နေလား
ငါတို့ကမိုက်ကိုဖက်တွယ် မင်းပေးတဲ့စကားက ဆင်ခြေများ
မင်းငါ့ကိုမှီမှာမဟုတ်ဘူး ငါတို့ရဲ့ အရင်အနေအထား
မင်းကိုမင်းတော့အကောင်းဆုံးလို့ ထင်နေပါ
Hiphop ကို ရင်ခုန်စွာငါဆိုမယ်
Hiphop ဆို ရူးသွပ်တာဘာဖြစ်လဲ
Hiphop မှာ လူငယ်တွေစုံနေတယ်
Hiphop နဲ့ အသက်ဆက်
Microphone ငါ့လက်ထဲရောက်နေပီ သီချင်းဆိုမယ်
နိုင်လိုပြုံး ညမနက်လဲပျောက်နေပြီ မင်းဘယ်လိုလဲ
Style ကိုအသုံးချ အသက်လဲထောက်နေပြီ မင်းမပိုနဲ့
ထိုင်ငိုအုံးမှ အခက်ခဲရောက်နေပြီ အလင်းလိုတယ်
အခုချိန် Hiphop နဲ့ ယှဉ်ကာမြင်လား
အရင်ကမင်းတို့ထင်တာ
ငါ့ဆီကသီချင်းလိုချင်မှ အတင်းကိုခင်ပြ
ပြောရင်လဲမင်းငြိုငြင်ကာ ငိုချင်လာ
မင်းတို့တွေဆိုချင်တာ Pop Rap နဲ့ လုပ်ချင်ရာလုပ် ကိုယ်ထင်တာ
အားလုံးပဲ ကြိုချင်တာ Rock ဂီတ
Copy ကို ရင်ခွင်မှာပိုက် မင်းကိုယ်မင်း ဘုရင်တစ်ပါးလိုထင်ကာ
အသိုင်းဝိုင်းကို ကျော်လွန်ပြီး ကိုင်းရှိုင်းကာ အထင်ကရ ခိုဝင်ကာ
ငါတို့ကို အရင်ကလို ထင်လား
Hiphop ကို ရင်ခုန်စွာငါဆိုမယ်
Hiphop ဆို ရူးသွပ်တာဘာဖြစ်လဲ
Hiphop မှာ လူငယ်တွေစုံနေတယ်
Hiphop နဲ့ အသက်ဆက်
in myanmar
4/29/2018
02:08 pm
I love all steemit friends.Thank you.