ရင်မှာလဲပူတယ် အတွေးများလည်းပူတယ် စိတ်ကူးလည်းပူတယ်
အပြင်မှာလည်း ပူတယ် ပူလောင်ခြင်းတွေက အခုတလော ရေပန်းစားနေပါတယ်
မနက်ဖန်တွေအတွက်လည်း အခုတော့ တွေးပူနေရပါပြီ အဆင်ပြေပါ့မလားလည်း
တွေးနေရပါတယ်
အခုတလော ရာသီဥတုက ကြမ်းတမ်းလွန်းတယ် ထင်မှတ်မထားတာတွေ
ဖြစ်လာတယ် မိုးတွေ ရွာချင်လည်းရွာတယ် နေဆယ်စင်းလောက်လည်း ပူချင်
ပူတယ် အဲ့ဒီနေဆယ်စင်းသီချင်းထွက်တော့ ဟုတ်ပ့ါမလားတွေးမိသေးတယ်
အခုတော့ တကယ်ဟုတ်တော့မယ်လားဘဲ
ကျေးဇူးတင်ရမှာကတော့ အခုလို မိုးတွေ လေတွေကြီးရင် မီးသိပ်မပျက်တော့ဘူး
အရင်ကဆို မိုးလေ နဲနဲများတာနဲ့ ဖယောင်းတိုင် ရှာထားရတယ် ဖုန်းအားတွေ
အကုန် ကြိုသွင်းထားရတယ် အရင်လိုမဟုတ်ဘူးလေ အခုက မီးမလာလည်း
ဖယောင်းတိုင်လေး ဘေးချပြီး စာအုပ်ဖတ်နေလို့ရတဲ့ေ ခတ်မဟုတ်တော့ဘူး
ခေတ်တွေက ပြောင်းလဲလာပြီ ဖုန်းလေးတစ်လုံးမှ မပွတ်နိုင်ရင် အဆင်မပြေ
တော့ဘူး ဖုန်းဆိုတာကလည်း အားသွင်းကြိုးနဲ့ မပြတ်သွင်းနိုင်မှ တန်ကာကျ
သကိုး မီးပျက်မှာတော့ စိတ်ပူနေပါတယ်။
အဆက်အသွယ်က ပျက်သွားလို့မဖြစ်ဘူး အချိန်တိုင်းက ပြောင်းလဲနေတာ
နိုင်ငံရေးလား သတင်းလား သိပ်တော့ စိတ်ဝင်စားလှတယ်မဟုတ်ပါဘူး
ကိုယ့် စတီးမစ်လေးနဲ့ အချိန်ခဏလေးတောင် မခွဲနိုင်လို့ပါ။
အိပ်ချိန်ဆိုတာတောင် မဖြစ်မနေ အိပ်လို့သာအိပ်လိုက်ရတယ် အိပ်မက်ထဲလည်း ကျုပ်ကတော့ စာတွေ ရေးနေတယ်ဆိုဘဲ
တစ်ခုမကောင်းတာက ဘုတ်တွေရှုံးတာ အိပ်မက်ထဲတောင် အလွတ်မပေးဘူး
စိတ်ညစ်သွားပြီ ဘုတ်တွေကို မေ့ပြစ်လိုက်ချင်ရဲ့ သို့သော် ဘုတ်မှ မလုပ်လည်း
ကိုယ့် ပို့စ်လေး ဘုတ်ရမည်မဟုတ်လေသောအခါ ဘုတ်တို့သည် အစဉ်အမြဲ ပန်းပန်လျှက်ရှိပါလေသည်။
အဲ့သလိုဘဲ ရသီဥတုက အစဉ်အမြဲ ပြောင်းလဲနေတာ ဘယ်တော့မှ ပုံသေတွက်
ထားလို့မရဘူး အရာရာအတွက် တင်ကြိုပြင်ဆင်မှုဆိုတာ လုပ်ထားရတယ်
စိတ်မချရတာလေးကို သဘောကျနေမိသလေ။