ဒီသုံးလေးရက် ဘယ်လို ဖြစ်နေတယ်မသိပါဘူး စိတ်တွေက သိပ်ပြီးမပျော်ဘူးရယ်
တစ်ခုခုကို အလိုမကျသလို အားလုံးကို အလိုမကျတာလည်း ဖြစ်နိုင်ပါတယ်
ကိုယ့်ကို ကိုယ်လည်း အားမရပါဘူး။ အလိုလောဘတွေက ဆိုးရွာစွာနဲ့ တွန်းထိုးလို့နေပါတယ်
ဖြစ်ချင်စိတ် ရယူချင်စိတ် ပိုင်ဆိုင်လိုစိတ်တွေက လူကို မပျော်မရွှင် ဖြစ်စေပါတယ်
ဒါတွေကို တားဆီးလို့မရနိုင်ပါဘူး အလိုက်သင့်မျောပါပေးရပါတယ်
အမှန်တော့ မရောင်ရာ ဆီလူးနေမိပါတယ်။ ဘာတွေ ဖြစ်နေတယ်မသိတော့ပါဘူး
ကိုယ်သွားနေတဲ့ လမ်းကြောင်းကို သံသယ ၀င်လာမိနေပြီ။
ကိုယ်တွေးထင်ထားတာကတစ်မျိုး တကယ့်လက်တွေ့ ဖြစ်နေတာ တစ်မျိုးပါ
ကိုယ်ဟာ လူသားတစ်ယောက်သာ ဖြစ်လို့ အရာအားလုံးကိုတော့ မထိန်းချုပ်နိုင်ပါဘူး
အချို့အရာတွေ ဒါမှမဟုတ် ဖြစ်ရပ် ဖြစ်စဉ် များစွာကို လက်ခံပေးတက်ရပါလိမ့်မယ်
အပြောင်းအလဲကို ကျွန်တော်သဘောကျတယ် ပြောင်းလဲနေရတာကို နှစ်သက်ပါတယ်
တစ်နေရာတည်းမှာ ကြာကြာမနေနိုင်တာ မနေတက်တာ အသစ်အသစ်တွေကို
ရင်ခုန်တက်တာ (လူငယ်အတွေးဖြင့် မတွေးရ) ဒါတွေကြောင့် အပြောင်းအလဲလေး အနည်းငယ်
လုပ်ကြည့်ချင်ပါတယ်
စားနေကျ အစားအစာကို မစားဘူး သွားနေကျလမ်းကနေမသွားဘူး ကိုယ်အကြိုက်ဆုံးအရာတစ်
ခုကို မကြိုက်သလို နေကြည့်တာမျိုး ဒီလိုလေးတွေပေါ့
အခု အပြောင်းအလဲကို လိုအပ်နေပါပြီ နေ့စဉ်နေ့တိုင်း စက်ရုပ်တစ်ရုပ်လို နေလာခဲ့တာ
ကြာတော့ ငြီးငွေ့လာခဲ့ပြီ
ရင်ခုန်စရာ အသစ်တွေ လက်ခံကြည့်ကြရအောင်လား
လုပ်နေကျအတိုင်း လုပ်နေရတာတွေကို အာရုံပါးလာပြီ