ဒီရက်ပိုင်း စာရေးတာလေး အဆင်မပြေဖြစ်နေရပြန်တယ် ကိုယ်ကရေးမယ်လုပ်လိုက်
အခက်အခဲလေးတွေကြုံလိုက် တစ်ခါတစ်ရံလဲ ကိုယ်က အပျင်းထူးလိုက်နဲ့ ဟုတ်တော့ ဟုတ်နေ
တာပါဘဲ။ သို့သော်လည်း တစ်ရက် တစ်ပုဒ် မှန်ဖို့အရေးတော့ အားထုတ်နေရတုန်းပါဘဲ
မူးစု ပြားစု ကြက်ကောက် ငှက်ကောက် ကောက်နေရသော်လည်း ထိုကဲ့သို့ ရနေသော
အစွန်အဖျားလေးများ အခွင့်အရေး အနည်းငယ်များကို လက်လွှတ်လိုက်ရမှာ စိုးရိမ်ပါသည်။
မိုးစက်မိုးပေါက်လေးတွေ အလိုလို ကျနေတာတော့မဟုတ်ပါဘူး နေရာတိုင်းလည်း မိုးမရွာသလို
မိုးမစိုပါဘူး။ မိုးရွာသောအရပ် မိုးစိုသောနေရာ သွားရပါတယ် နည်းပါးလှတဲ့ အခွင့်အရေးအတွက်
လုပ်နေရတာလည်း ရှိတယ် ဘယ်လောက် နည်းပါးသည်ဖြစ်ပါစေ အသက်ဆက်ခွင့်အတွက်တော့
ရသမျှအခွင့်အရေးကို ယူရတာပါဘဲ တစ်ရက်နည်းနည်းဆိုလည်း နည်းနည်းပေါ့
ကြာတော့လည်း ပင်လယ်ကြီး ဖြစ်လာလေမည်လား မျှော်လင့်တာပါဘဲ
အခုရက်ပိုင်း အခက်အခဲကတော့ သိပ်မကြီးမားသော်လည်း စာရေးရန် နှောင့်နှေးစေတာတော့
အမှန်ပါဘဲ။ ဟိုတစ်နေ့ကတော့ ဆိုဒ်ကြီးများ စကမ်သွားပြီလား သို့သော သို့လောနဲ့
စာရေးဖို့ အဆင်မပြေခဲ ဟော.... နောက်ရက်လဲရောက်ရော စာရေးမယ် ပို့စ်တင်မယ် ဆိုကာမျှဖြင့်
အချိန်ကာလ အတော်ကြာ မပျက်စဖူးသော ကိုရွှေမီးက ထပျက်ပါပြီကော ပျက်တာမှ ခဏလေးမဟုတ် ခဏလေးများလည်း မဟုတ် ရက်တွေချီအောင် ပျက်မယ်ဆိုဘဲ
မီးပျက်ပြီဟေ့ဆိုကာမှတော့ ဘာမှ လုပ်နိုင်တော့မည်မဟုတ် စာရေးလည်းမလွယ် ပို့စ်တင်လည်း
မလွယ် ဖနုး ဘက်ထရီအားတောင် နပ်မှန်ဖို့အရေး လုပ်ရတော့သည်။
မီးစက်မောင်းသော အသိအိမ်သို့ ပြေးရလေသည်။ ဖုန်းအားသွင်းရေး မျက်နှာချိုသွေးရတော့သည်။
အချိန်ရတုန်း ရောက်တက်ရာရာ စာများ ကောက်ရိုက်ရပြန်သည်။ ပို့စ်တင်ရန် အဆင်သင့်
သို့သော် မီးပျက်ပြီဆိုတာနှင့် အင်တာနက်လိုင်းများကလည်း ဂဂျီဂဂျောင် ကျလို့နေလေပြီး
မသွားချင် မပွင့်ချင် ဖွင့်မရ
အ၀ိုင်းလည်တာ ထိုင်စောင့်ရင်း လိုင်းကောင်းသည့်အချိန်လေးခဏ ပို့တက်သွားစေရန် ပို့စ်တင်သည့် ခလုတ်အား ထိုင်နှီပ်နေရတာကိ နာရီဝက်မျှကြာလေသည်။
မီးပျက်သရွေ့တော့ ဒီလိုဘဲ အဆင်မပြေခြင်းများ ကြုံရပေဦးမည်။
ဖြစ်အောင်တော့ တင်ရမည်။ မတင်ရင်တော့ ဘာမှ ရမည်မဟုတ် တင်သမျှလေးတော့ ပဲစား ပြားစားလေး ရတန်ကောင်းပါရဲ့ မျှော်လင့်ရင်း တင်လိုက်ရလေပြီ