ယုံကြည်ချက်....ရင်ထဲထည့်ထား....
စိတ်ပျက် ငြီးငွေ့ဖွယ်ကောင်းသော နေ့တစ်နေ့ ဖြစ်လို့နေခဲ့သည်။ အားအင်တို့လည်းနည်းပါးသလို ခံစားနေရသည်။
စိတ်ရောလူရော အားနည်းနေသည်ဟု ထင်ပါသည်။ ငေးငေးငိုင်ငိုင် ငူတူတူ နဲ့ ဘာမှ မလည်း မလုပ်ချင် ဘာမှလည်း
မတွေးချင် ဖြစ်ဖြစ်မြောက်မြောက်သာ မတွေးသော်လည်း စိတ်တို့ရဲ့ သဘာဝအတိုင်း တောင်စဉ်ရေမရတွေတော့
အတွေးလှိုင်း အပိုင်းအစတို့ကတော့ ဟိုမှာလွင့်လိုက် ဒီမှာရောက်လိုက်နဲ့ ယောက်ယက်ခက်လို့နေလေသည်။
ဘယ်လောက် အဆင်ပြေတဲ့သူဖြစ်ဖြစ် အဆင်မပြေခြင်းတွေကတော့ အနည်းအများ ကြုံရဆုံရ ခံစားရမည်သာဖြစ်သည်။
အဆင်မပြေသူများအတွက်လည်း ပျော်ရွှင်ခြင်း ကျေနပ်ခြင်း အားရခြင်း အချိန် အခိုက်အတန့် အချို့ ရှိမည်သာဖြစ်လေသည်။
ဒါဟာ သဘာဝတစ်ခုဖြစ်လေသည်။ ပျော်စရာရှိတော့ ပျော်လိုက်ကြသည်။ ၀မ်းနည်းစရာရှိလည်း ၀မ်းနည်းရပြန်သည်။
ငိုစရာကြုံတော့လည်း ငိုလိုက်ကြလေသည်။ ရက်စက်စရာရှိလည်း ရက်စက်လို့ အနိုင်ယူလိုက်ကြသေးသည်။
ကြုံရဆုံရ ဘ၀အရသာကို ပြည့်ပြည့်၀၀ ခံစားစံစားရင် နေ့ရက်အချိန်တွေကို အလှဆင်လို့နေလေခဲ့သည်။
လူဆိုသည်မှာ အမြဲကျန်းမာနေသော အခြေအနေမှာရှိမနေပြန်ပါဘူး ကျန်းမာရေး ချို့တဲ့သည့်အခါ အနာရောဂါ ကျရောင်သည့်
အချိန် ဖျားနာသည့် အခြေအနေဆိုကြုံရသည့်အခါများလည်း ရှိတက်လေသည်။ ထိုသို့ ကြုံဆုံရလျှင် နာကျင်ခံစားရသော
ဝေဒါနာ သက်သာစေခြင်းငှာ ဆေးသောက်တန် သောက်ရသည်။ အနေအထိုင် အစားအသောက်ဆင်ခြင်သင့်ပါကလည်း
သတိထားလို့ နေထိုင်စားသောက်ရပြန်သည်။ ရောဂါပြင်းထန်ပါက မသက်သာသည့်အဆုံး ဆေးခန်းပြတန်က ပြကြရလေသည်။
ထိုထက် ဆိုးဝါးလို့ မရှူနိုင် မကယ်နိုင် မခံမရပ်နိုင် ဖြစ်လေသောအခါ ဆေးရုံးတက်သင့်က တက်ကြရလေသည်။ ခွဲစိတ်တန်က
ခွဲစိတ်ကုသကြရလေသည်။ အကြောင်းအရင်း လိုအင် လိုအပ်ချက် အဆုံး ဦးတည်ချက်ကတော့ တစ်ခုတည်းပါ နေကောင်းသက်
သာ ကျန်းမာစေရေးအတွက် ပင်ဖြစ်ပါလေသည်။
စိတ်ဆိုတဲ့ ခံစားမှု အသိလေးကလည်း အတက်အကျ အနိမ့်အမြင့် ရှိတက်သလို ကျန်းမာခြင်း နာဖျားခြင်း ဖြစ်တက်သော သဘော
တွေ့ရပါသည်။ ပျော်ရွှင် ကြည်နူးဖွယ် အချိန်တို့တွင် စိတ်တို့သည် လက်ဆက်ပေါ့ပါးလို့နေလေသည်။ စိတ်ညစ်ဖွယ်ရာအချိန်
အလိုမကျ စိတ်ပူပင်ရခြင်း အချိန်တို့တွင်ကား စိတ်အနာတရဖြစ်ကာ လူမကျန်းမာသကဲ့သို့ပင် စိတ်ဖျားနာခြင်းသည် ဖြစ်တည်လာ
ရပြန်လေသည်။ လူဖျားနာသည့်အခါ ဆေးသောက်သည့်အခါသောက်ပေးရသလို ဆေးခန်းဆေးရုံသွားတန်ကသွားရသည်
ထိုသို့ပင် စိတ်မကျန်းမာသည့်အခါတွင်လည်း စိတ်ကျန်းမာရေး ကောင်းမွန်လာစေရန် စိတ်ကို အနားပေးခြင်း အားပေးခြင်း
စိတ်ကို လွတ်လပ်ခွင့်ပေးခြင်း စိတ်တည်ငြိမ် အေးချမ်းအောင် ပြုလုပ်ပေးခြင်းတို့ဖြင့် စိတ်ကို ကုသကြရပြန်ပါသည်။
ဂီတသည် လူသာများကို ဖမ်းစားနိုင်သော နက်တစ်ပါး ဖြစ်လေသည်။ ဂီတသံစဉ်တို့သည် စိတ်ကို သိမ်းပိုက်နိုင်စွမ်း ရှိပြန်သည်။
စိတ်အညစ်အကြေး အချို့ကိုလည်း ဂီတဖြင့် ဆေးကြောနိုင်သည်ဟု ယုံကြည်မိသည်။ ဂီတကြောင့် စိတ်ခံစားမှုတို့သည်
လန်းဆန်းတက်ကြွလို့ လာနိုင်ပါလေသည်။ စိတ်တွေလန်းဆန်းတက်ကြွလို့ နေပြီဆိုမှဖြင့် လူလည်းစိတ်နဲ့အတူ တွဲလျှက်
လန်းဆန်းတက်ကြွလို့ လာသည်ဟု ခံစားမိနိုင်ပါလေသည်။
စိတ်ညစ်တဲ့အခါ သီချင်းသံစဉ်အချို့ နားထောင်ကြည့်မိတယ်။ မပျော်မရွှင်ဖြစ်တဲ့အခါ ဂီတနဲ့ ပူးပေါင်းကြည့်တယ်။ အားငယ်တဲ့အခါ
အားပေးစကားမျှော်လင့်တက်တဲ့ လူတွေရဲ့သဘာဝက သက်ရှိသက်မဲ့ အရာအားလုံးဆီကပါဘဲ ဒီထဲမှာ ဂီတရဲ့ စေ့ဆော်မှုကလည်း
အားပေးစကား ခွန်အား အချို့ကို ပေးစွမ်းနိုင်ခဲ့ပါတယ်
မပျော်မရွှင်ဖြစ်နေတဲ့ စိတ်အခြေအနေကို သီချင်းတစ်ပုဒ်နဲ့ ပေးတွေ့လိုက်မိတယ်။ မူရင်းအဆိုရှင်တော့ မသိတော့ဘူး
အခုနားထောင်မိတာက ဦးရင်ဂို ဆိုထားတဲ့ အိပ်မက်လမ်း သီချင်းလေးပါဘဲ။ ဒီနေ့အတွက်တော့ ဒီသီချင်းတစ်ပုဒ်နဲ့
အဖေါ်ပြုလို့နေလိုက်တော့တယ်
ရည်ရွယ်ရာ အိပ်မက်များ.... ရောက်အောင်သွားမယ် မကြောက်တမ်းဘဲ အချိန်တွေလဲ မျှော်လင့်ထား ရှေ့ဆက်သွားမယ်...
ခြေလှမ်းများ အိပ်မက်ရဲ့လမ်း လျှောက်သွား ယုံကြည်ချက် ရင်ထဲထည့်ထား ရည်မှန်းရာ ပန်းတိုင်အထိ ဇွတ်တိုးသွားမယ်
မကြောက်တမ်းဘဲ........
ရည်ရွယ်ရာ အိပ်မက်လမ်း အဆိုးတွေလား ရှေ့တိုးသွား
ခိုင်မာစွာ ယုံကြည်ထား ပန်းတိုင်သို့ ခြေလှမ်းများ
အိပ်မက်ရဲ့လမ်း လျှောက်သွား..........
ယုံကြည်ချက်.........ရင်ထဲ.........ထည့်ထား...........
တစ်ချိန်မှာ ပိုင်ဆိုင်နိုင်မလား..........ပျော်ရွှင်စရာအိပ်မက်များ
ရင်မှာ......မျှော်လင့်ချက်ထား.......
လာအတူတူ သွားစို့လား.........
Photo Credit : https://pixabay.com/en/photos/?q=thinking&hp=&image_type=all&order=popular&cat=&min_width=900&min_height=1000