တဖက်တည်း တီးလိုက်တဲ့ လက်ခုပ်သံပေမဲ့
ကိုယ့်အတွက် တဘဝစာ ကျယ်လောင်လွန်းပါတယ်။
ဘယ်သိမှာလဲ
ကိုယ် က နေတာ ဘီးလူးဇာတ်ဖြစ်နေမှန်း။
ဘယ်လိုဖြစ်ဖြစ်ပေါ့ ဟာ . .
ဒီ ဆုတောင်းမှားနေတဲ့ကောင်က
အပြစ်တွေ တစ်လှေစာ မက ရွက်လို့
ဒီတောင်စွယ်မှာ
နေအကွယ်ကို ပေတေ ရပ်စောင့် ..
သူ့ရဲ့
ကွမ်းတယာ ရေတမှုတ်
အကြည့်လက်လက်တွေထဲ
မျော လို့။
တခါတခါ အချစ်ဆိုတာ
ချောက်ထဲ မဆင်မခြင်ပြုတ်ကျတာတောင်
လေထဲ ၀ဲ ပျံတယ်အထင်နဲ့
သာယာစေတယ်။