တော ရောက် တောင်ရောက်
ငါ့အတွေးတွေနဲ့ ငါ ရှုပ်ယှက်ခက်နေတာကြည့်လို့
နင်လည်း ပင်ပန်းနေရောပေါ့။
ဒီခရီး နီးလား ဝေးလားမသိခင်
အားတင်းထားပါတယ် ဆိုတဲ့စကား
ကြက်တူရွေးနှုတ်တိုက်ရွက်ခဲ့တာပါပဲဟာ။
စစ်မရောက်ခင်ထဲက
ငါ့မှာ မြှားမှ မရှိတာလေ
ဝေးကွာခြင်းသာ စစ်မြေပြင်ဆို
စောစောစီးစီး တဖက်သတ် စစ်ရပ်စဲပါရစေ။
ခွင့်လွှတ်ပါ ကောင်မလေးရေ
ငါဆိုတဲ့ကောင်က
မတိုက်ခင်ထဲက