ဘယ်တော့မှ မလုပ်ရမည့်အထဲမတွင် ကလေးတွေကို ခြောက်လှန့်ခြင်း၊ လှောင်ပြောင်ခြင်း၊ တစ်ယောက်တည်းထားခြင်း၊
လျစ်လျူရှုထားခြင်း စတာတွေပါဝင်ပါတယ်။ ဒီလိုမျိုးတွေ ခံစားနေရတဲ့ ကလေးတွေဟာ အများအားဖြင့်
အခြားသော အနိုင်ကျင့်မှု ပုံစံတစ်မျိုး ဒါမှမဟုတ် လျစ်လျူရှုထားတာမျိုးကို တစ်ချိန်တည်းမှာ ခံစားရနေနိုင်တာကိုပါ စဉ်းစားပေးရပါမယ်
ဒါပေမဲ့ ဒါဟာ အမြဲတမ်းဖြစ်နေတာမျိုးတော့မဟုတ်ပါဘူးတဲ့ ဒီလို အနိုင်ကျင့်ခံနေရတဲ့ ဒါမှမဟုတ် လျစ်လျူရှုခံနေရတဲ့
ကလေးငယ်လေးတွေနဲ့ မူကြိုအရွယ်ကလေးတွေဟာ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတတ်ပါတယ်
သူတို့သိတာမကြာသေးတဲ့သူတွေအပေါ်မှာ အလွန်အမင်းကို တွယ်ကပ်စွဲလမ်းနေတတ်ပါတယ်။
ယုံကြည်မှုတွေ ပျောက်ကွယ်သွားတာ ဒါမှမဟုတ် စိုးရိမ်လွန်တာမျိုးတွေဖြစ်တတ်ပါတယ်။
မိဘတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမရှိတော့ပါဘူး။ ကလေးတွေကို ယုံကြည်မှုမပျောက်ဆုံးစေရန်
ဂရုစိုက်ပေးရပါမယ်