စိတ်ထဲမှာစွဲလမ်းနေခြင်းအခြေအနေကို စတင် သဘောပေါက်လိုက်ပါလေပြီ ဒီလောက်အလုပ်တွေကို ဇွဲကြီးကြီးနဲ့ လုပ်လာတာကို
သူ့ရဲ့ ရုပ်အသွင်က ကြည့်လို့ကောင်းနေပါတယ်ဒါပေမယ့် ရင်ထဲမှာ ဒေါသတွေ မခံချင်စိတ်တွေ အားမလို
အားမရတွေ ဖြစ်ပေါ်လို့လာပါလေတော့သည်
မှန်ပါတယ် မခံချင်စိတ်ဖြစ်ပေါ်လာတာက သူ့မှာ ရှိနေသည့် အရည်အချင်းမျိုးတွေ ကိုယ့်မှာ မရှိခြင်းကြောင့်
ဖြစ်လေသည်။ ကိုယ့်ကိုကိုယ်လည်း ရှက်မိသည် အားငယ်မိသည်။ စိတ်ပျက်မိသည်။ ဘာတွေဘဲ လုပ်ရပါ
စေ ဘာတွေဘဲ ပေးဆပ်နေရပါစေ ကိုယ်လုပ်စရာရှိသည့်အ လုပ်ကိုတော့ ပြီးစီးအောင် လုပ်ဆောင်သင့်
သည်မဟုတ်ဘူးလား ဒါမှသာ တာဝန်ကျေသောသူ တစ်ယောက် တာဝန်ကင်းသောသူတစ်ယောက်
အကြွေးကင်းသည့် သူတစ်ယောက်ဖြစ်လေမည်။ လူ့ဘ၀ရဲ့ အ၇ိုးဆုံး အစင်းဆုံး တာဝန်များပေါ်မှာ တောင်
တာဝန်မကျေသူက ဘ၀တစ်ခုလုံးကို အောင်မြင်ရမယ် လို့ ကြွေးကြောနေတာ လူရယ်စရာတွေ ဖြစ်လာတော့မှာပေါ့။ ချက်ချင်းဆိုသလိုပါဘဲ တစ်ကိုယ်တည်းပြောစကားများသည် စတင်လို့ ဒီရင်ကို
လောင်မြိုက်နေပါတော့သည်။ အခြေအနေက အတော်ကိုဆိုးပါလေသည်။ တန်ဖိုးတွေက ပြောင်းလဲလို့
လာပါတော့သည်။ လူသားတိုင်းရဲ့ လုပ်ရပ်ကို အကဲဖြတ် အမှတ်ပေးသည့်အ ရာသည် အချိန်ဖြစ်လေသည်။ ပြသနာသည် ခေတ်အဆက်ဆက် လူသားမျိုးနွယ်အားလုံးကြုံခဲ့ရသည့် ပြသနာတစ်ခုဖြစ်လေသည်။ သက်သာသလိုနေတက်သည့် လူများ အချောင်လိုက်သူများ ရေသာခိုသူ
များအတွက် ဒီလောကတွင် နေရာကောင်းမရှိနိုင်ပါဘူး နေရာမရနိုင်ပါဘူး ရနိုင်တာတော့ တစ်နေရာ
ရျိသည် ထိုနေရာသည်ကား မအောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းဆိုသော နေရာသာဖြစ်လေမည်။ ကိုယ့်ရဲ့
အခြေအနေသည် သူများတွေ လည်း ကြုံရသည့်အခြေအနေဖြစ်လို့နေတာကိုလည်း တွေးလိုက်မိသည်။
မအောင်မမြင်ဖြစ်သည့်အခါတိုင်း လက်လျှော့နောက်ဆုပ်ပြီး အရှုံးပေးတက်ခြင်းများပင် ဖြစ်လေသည်။
သက်သာခို ကာ အသောလေးနောက်ဆုတ်ပြီး အရျုံးပေးလိုက်တော့မည်လား ဆက်လုပ်ကိုင်ပြီး အော င်
မြင်မှုအသီးအပွင့်တွေကို ဆွတ်ယူ စားသုံးမည်လား ဒါဆိုရင်တော့ မဖြစ်ဖြစ်အောင် ကျားကုတ်ကျားခဲ
ရှေ့ကိုဆက်ပြီး လုပ်ဆောင် ရမည် ကြိုးစားရမည် တိုက်ပွဲဝင်ရမည်။ ဒီအတွေးစလေး ရပြီးသည့်နောက်
ယခင်က ဒီအတိုင်းပစ်ထားခဲ့သော အရာတွေကို ပြန်လည်း ထိုးဆွရတော့သည်။ အမှီုက်တောင်းထဲတောင် ရောက်နေသော စာရွက် အပိုင်းအစများကို ပြန်ကောက်ရသည်။ ဖြစ်အောင် လုပ်ရမည်ဟု စိတ်ပိုင်းဖြတ်ပြီးသည့်အတွက် အရာရာကို မထီသောအကြည့်ဖြင့် ကြည့်တက်လာသည်။
စိတ်တို့သည်လည်း ငှက်တစ်ကောင်အလား ပေါ့ပါးသွားသည်ကို တွေ့ရသည်။ ဆုံးရျုံးမှု မကြောက်တော့ ဘူးဆိုတဲ့ စိတ်က လောကကြီးကို ပိုင်စိုးသွားတဲ့သဘောပါဘဲ ကြောက်စိတ်သည် အခါခါ သေရသည်တဲ့
photo-google image