သူက ကိုယ့်ကို ရုတ်တရက် စိတ်ပျက်လို့သွားစေပြန်ပါတယ် တကယ်တော့ ကိုယ်လည်း
သူ့သဘောကိုနားလည်ပါတယ်
သူ့ရဲ့မျက်နှာ အမူအရာသည် တဖြည်းဖြည်းချင်း ပြောင်းလဲလို့သွားခဲ့လေသည်။ သူ့ရဲ့စွတ်စိုနေသော မျက်ခုံးမွေးတွေသည် တဖြည်းဖြည်းချင်း တွန့်လို့လာပါလေသည်။ စူးရှသော မျက်လုံးများသည် ကျွန်တော့်အား စိတ်ပျက်လေသော ဟန်ပန်တို့နဲ့
ကြည့်လို့နေပါသည်။ သူက အရင်ကတည်းက စကားနည်းသူဖြစ်လေသည်။ အချိန်
အတော်ကြာသော အခါမှ စကားပြောသံထွက်လာပါတော့သည်။ သူ့စကားသံ
သည် အမေးတစ်ဝက်နှင့်ဖြစ်ပါတယ်။ အင်း ဟုတ်မှာပါ မင်းပြောတာတွေက
အမှန်တွေဖြစ်မယ်ဆိုတာ ငါတို့ယုံပါတယ် မှားနေတာက ငါတို့ မင်းရဲ့ အပေါ်ကို
အမြင်တွေ မကြည်မလင်ဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်
သူ့ရဲ့ အကြည့်တို့သည်။ ကျွန်တော့်နှလုံးသားကို ထိုးဖေါက်နေသကဲ့သို့ ရှိပါလေသည်။ သူ့စကားသံတို့သည်လည်း ရင်အစုံကို လေးလေးပင်ပင်နှင့်
ဖြေးညှင်းစွား ထိုးနေသကဲ့သို့ ရှိပါလေသည်။ သို့သော် ထိုကဲ့သို့သော ထိုးချက်
များသည် အားပါသော ထိုးချက်များ ဖြစ်လို့နေပါလေသည်။
နာကျင်ခြင်းတို့သည် တဖြည်းဖြည်းနှင့် ရင်ထဲ အသည်းထဲသို့ ရောက်လို့လာသည်။ အသိတရားတွေ တဖြည်းဖြည်းချင်း နာကျင်ကိုက်ခဲလို့လာ
လေပြီ အတန်ကြာတိတ်ဆိတ်နေပြီး ရုတ်တရက်သူက ဒိလို
သူ့စကားဆက်ပြောပါလေသည်။ ဆရာလေး နားထောင်ပေးပါ။ ဒီလယ်မြေတွေကို ငါတို့ ထွန်ယက်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ယခင်ကလည်း ဒီလယ်မြေမကောင်းခဲ့ဘူး ဒါပေမယ့် ငါတို့ ဒီလယ်မြေကို ထွန်ယက် စိုက်ပျိုးခဲ့တယ် ပြင်ခဲ့တယ် အခု ငါတို့လက်ထက် အထိ ဒီလယ်မြေတွေကို ပြင်ဆင်ပြီး စိုက်ပျိုးနေုတုန်းဘဲ ငါတို့ ပြင်ဆင်ခြင်းကို မရပ်ခဲ့ဘူး စိုက်ပျိုးခြင်းကို မရပ်ခဲ့ပါဘူး။ လယ်ယာမြေတွေ မကောင်းတာကို ငါတို့ စိတ်မပျက်ပါဘူး အသီးအနှံတွေ နှစ်စဉ် တိုင်း ရာသီတိုင်း ငါတို့ ခူးဆွတ်နိုင်အောင်ဘဲ စိတ်ထဲ ထားပါတယ် အခုလည်း ဒီအတိုင်းပါဘဲ ဆက်လို့
လုပ်ဆောင် စေချင်ပါတယ် မရပ်လိုက်ပါနဲ့ ဆရာလေး ဆက်လုပ်ပါ။ မကြာခင် ဆရာလေး
အောင်မြင်ရမယ်တဲ့...........
photo-google image