ချစ်ခြင်းမေတ္တာကသာ မိသားစု၏ နွေးထွေးမှုသံယောဇဉ်ကို တန်ဆာဆင်နိုင်သည်။
နှစ်နှစ်အောက်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဟာ မေတ္တာတုန့်ပြန်ပေးစွမ်းမှု နဲ့ ဘယ်လိုပြုစုစောင့်ရှောက်မှု ခံရတယ်ဆိုတာအပေါ် မူတည်ပြီး တန်ပြန် တိုးတက်ဖွံ့ဖြိုးလာတာပါလို့ ဗြိတိန်နိုင်ငံက ကလေးသူငယ်ဆိုင်ရာ စိတ်ပညာရှင် Steve Biddulph က ဆိုထားပါတယ်။တူညီသောအားဖြင့် အဲဒီလို ချစ်မေတ္တာနဲ့ ပြုစုစောင့်ရှောက်မှုမျိုး မခံယူခဲ့ရဘဲ ကြီးပြင်းလာခဲ့ရတဲ့ ကလေးများဟာတော့ တကယ့်လူတစ်ယောက်ကဲ့သို့ စိတ်ရောလူပါ တိုးတက်ဖွံ့ဖြိုးမှုနဲ့ မဖွံ့ဖြိုးနိုင်တော့ဘူးလို့ ၎င်းက ဆိုထားပါတယ်။မွေးကင်းစကလေးငယ်များကို ချစ်ခြင်းမေတ္တာထားပြီး ပြုစုစောင့်ရှောက်ခြင်းဟာ ဇိမ်ခံလို့ရတဲ့ အရာတစ်ခုသုံးလိုက်သလို မလွယ်တဲ့အတွက် ရေရှည်မှာ စိတ်ညစ်စရာကြီး ဖြစ်နေမှာပါ။ ဒါပေမယ့် ဒါဟာ မိဘအုပ်ထိန်းသူတွေ လုပ်ကိုလုပ်သင့်တဲ့ အရာပါပဲ