နွေလိုလူမို့
ပက်ကြားအက်ရင်ဘတ်မှာ
ဘယ်ပန်းလာပွင့်ပါ့မလဲ
အသည်းရိုင်းပါကွယ် …
ဒါပေမယ့်
ချစ်တတ်ပါတယ် …
ဟောဒီ အပူကောင်
အပူတွေငြိမ်းအောင်
သွန်းဖြန်းပေးမယ့်
မိုးရေစက်လေးကို
မျှော်လင့်မိလေရဲ့ …
မိမိုးရေ …
ပက်ကြားအက်နှလုံးသားက
နွေခေါင်ခေါင်မှန်းသိပေမယ့်
မရွာတဲ့ မိုးကို
မျှော်နေဆဲပါကွယ် …
author:
photo:cedit google images