သင့်စိတ်တွေကို ပြောင်းလဲသင့်နေပြီ
သင်စိတ်ဓါတ်တွေ ကျနေပါသလား……… စိတ်ဓါတ်ကျနေရင် ဘာလုပ်လုပ်
အဆင်ပြေလိမ့်မည်မဟုတ် ………သင့်ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားပြီလား…………
ဆုံးရှုံးသွားသော အရာတွေကို ပြန်ယူနိုင်တဲ့ လက်တစ်စုံတော့ သင့်မှာ
ကျန်ရှိနေသေးပါတယ် ………ဒီလက်တစ်စုံနဲ့ သင်လိုရာကို တွေဝေစိတ်မရှိပဲ
အမြန်ရယူလိုက်ပါ ………စဉ်းစားနေရမယ့် အချိန်မဟုတ်ပါ……… လက်တွေ့ပဲထလုပ်
လက်တွေ့အကျိုးရှိလာလိမ့်မည်……… တွေ့ကြုံနေရသော ပြသနာတွေကို ရှောင်ပုန်းလို့
မနေလိုက်ပါနဲ့………… ပြသနာဆိုတာ ရှောင်ထွက်သွားရမည့် အရာမဟုတ်……… ရင်ဆိုင်ဖြေရှင်းရမည့်
ကိစ္စသာဖြစ်သည် …………သင်ဟာ ပြသနာတစ်ခုနဲ့ ကြုံတွေ့နေရပါသလား……… ဖြေရှင်းလို့ရမယ့်
အကြောင်းကိစ္စဆိုရင်တော့ ရှောင်ထွက်မသွားပါနဲ့………… ဖြေရှင်းလို့ရလျှင် ရင်ဆိုင်ဖြေရှင်း
လိုက်ပါ………… ဖြေရှင်းလို့မရတဲ့ အကြောင်းကိစ္စဆိုရင်တော့ ထိုပြသနာကို
စိတ်ထဲထည့်ထားမနေပါတော့နဲ့………… မေ့မေ့ ပျောက်ပျောက်ဖြစ်အောင် စိတ်ကို ထားရှိလိုက်ပါလေ……
သင့်မှ မုန်းစရာကောင်းလောက်အောင် လူတစ်ယောက်ရှိနေခဲ့သည်ဆိုပါစို့
ထိုသူကို မမုန်းတီးလိုက်တော့ပါနဲ့ …………မုန်းတီးစိတ်ရှိနေသမျှကာလပတ်လုံး သင့်စိတ်ဟာ
ဘယ်တော့မှ လွတ်မြောက်ခြင်းဘက်သို့ ရောက်ရှိလို့ မသွားနိုင်ပါဘူးလေ……………
ထို့ကြောင့် ချစ်လို့မရနိုင်ရင်တောင်မမုန်းလိုက်ပါနဲ့……… ချစ်ခင်တဲ့စိတ်ထားရှိရမည့်
လူတစ်ယောက် လျော့ပါးသွားပြန်ပြီလို့သာ သတ်မှတ်လိုက်ပါလေ……………
လူဘဝဆိုတာ ဖြစ်ချင်တာမဖြစ်ရ မဖြစ်ချင်တာတွေဖြစ်နေရတယ်လို့……… လူအများက
ပြောဆိုနေကြပါသော်လည်း ………သင့်ဘဝခရီးလမ်း သာယာဖြောင့်ဖြူးနိုင်ဖို့ ဖြစ်ချင်တာတွေနဲ့
ဖြစ်သင့်တာတွေကို တစ်ထပ်တည်း ရ ရှိပိုင်ဆိုင်နိုင်အောင် ကြိုးစားဖန်တီးယူသွားပါလေ…………
ဒါမှာသာ လူဘဝရှင်သန်နေသမျှကာလပတ်လုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်မှာပါလေ…………။
author:
photos:cedit google images