Curation Reward ဆိုတာ Vote ပေးသူတွေပြန်ရတဲ့ $ ဖြစ်ပါတယ်။ ဒါပေမယ့် SBD အနေနဲ့ရရှိမှာမဟုတ်ဘဲ Steem Power အနေနဲ့ မိမိ Steemit Wallet ထဲသို့ Post သက်တမ်း 7days အကြာမှာဝင်လာမှာ ဝင်လာမှာဖြစ်ပါတယ်။
ဥပမာ Post တခုမှာ vote တွေကြောင့် 100$ ပြနေရင် 75$ (75%) ပဲ Post ပိုင်ရှင်ရမှာဖြစ်ပြီး 25$ (25%) ကို vote ပေးထားသူတွေကြား ခွဲယူကြရမှာဖြစ်ပါတယ်။
အသေးထပ်စိပ်ရရင် 25% ကိုလည်း post ရှင်နှင့် vote ပေးသူကြား အချိန် ၅ပိုင်းနဲ့ထပ်ခွဲယူရပါသေးတယ်။ ပုံကိုလေ့လာကြည့်ပါ။
ဒါကြောင့် vote ပေးရာတွင် Post တခုကိုတင်တင်ခြင်း vote ပေးတာထက် 20mins ကျော်လောက်မှ vote ပေးရင် curation reward ရဖို့အလားအလာများပါတယ်။
Bot သုံးပြီး vote ယူတဲ့သူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ထိုသူ post တင်ပါက မကြာခင် bot သုံးတော့မှာဖြစ်လို့ $ တက်တော့မှာပါ။ အဲ့ဒီ အခွင့်အရေးကို အသုံးချပြီး ကိုယ်လည်း vote သွားပေးထားရင် bot ကြောင့်တက်လာတဲ့ $ ထဲက 25% ကို curation reward အနေနဲ့ vote ပေးသူတွေပြန်ရတဲ့အခါ ကိုယ်လည်းရဖို့ အလားအလာများပါတယ်။
နောက်တခုက Post တွေမှာပဲ Curation Reward ရှိတာမဟုတ်ပါဘူး။ Comment တွေကို vote ရင်လည်း Curation Reward ရပါတယ်။
တချို့က Comment လိုက်ပေးပြီး ကိုယ့် comment ကို bot သုံး၍ vote ရင် တက်လာတဲ့ $ အကုန်ကိုယ်ပဲရတယ်ထင်နေကြပါတယ်။ မဟုတ်ပါဘူး အဲ့ထဲက 75% ပဲကိုယ်ရပါတယ်။ ကျန် 25% ကို vote ပေးထားသူကြားခွဲယူကြပါတယ်။ Post နဲ့တူတူပါပဲ။
ဆရာလုပ်တာမဟုတ်ပါ။ ပိုသိတဲ့သူဆီကသင်ယူပြီး မသိသေးသူကို ပြန်မျှဝေတာပါ။
ဒါ ကျွန်တော့်အကောင့်ပါ www.steemit.com/@myominaung
ဝင်ကြည့်လိုက်ရင် Post တွေမှာ 10$, 25$ စသည်ဖြင့်ရထားတာတွေ့ပါမယ်။ လူ vote တွေရော bot vote တွေလည်းပါပါတယ်။ အဲ့ $ ထဲက 75% ပဲကျွန်တော်ရတာပါ။ 25% ကို vote ပေးထားသူတွေကြားပြန်ခွဲပေးရပါတယ်။ (post သက်တမ်း 7days ပြည့်တာနဲ့ auto ခွဲတာပါ)။